မြန်မာအမျိုးသမီးတိုင်း လှပပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ FGM ကို မိတ်ဆက်လိုက်တဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်

0
378

 

Untitled-2

မြန်မာအမျိုးသမီးများ မြတ်နိုး တန်ဖိုးထားတဲ့ ချိတ်ဒီဇိုင်းဆန်းများ ကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဝတ်ဆင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ ဒီဇိုင်နာမိုးကုတ် ပေါက်ပေါက်ရဲ့ FGM အမှတ်တံ ဆိပ်ချိတ်များ၊ မိတ်ဆက်ပွဲနဲ့ ဖက်ရှင် ပြပွဲကို ဇူလိုင်လ ၁၆ရက်နေ့ ညနေ ၃နာရီက ဆူးလေရှန်ဂရီလာ ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ နာမည် ကျော်မော်ဒယ်များက မိုးကုတ်ပေါက် ပေါက် ထုတ်လုပ်တဲ့ ချိတ်လုံချည် ဒီဇိုင်းဆန်းများနဲ့ ပဝါများကို ဝတ် ဆင်ပြသခဲ့ပါတယ်။ ဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက်က …

Untitled-1
“FGM ဆိုတဲ့ တံဆိပ်က ကျွန်မ ချစ်တဲ့ မိတ်ဆွေတွေ၊ အထူးသဖြင့် မြန်မာ အမျိုးသမီးငယ်လေးတွေ လက်ထဲကို အသက်သာဆုံးဈေးနှုန်း၊ အကောင်းဆုံးကွာလတီနဲ့ ရရှိဖို့ အတွက် ကျွန်မ နှစ်တော်တော်ကြာ ကြိုးစားခဲ့ရပါတယ်။ အခုကျွန်မတို့ နိုင်ငံက ဆင်းရဲပါတယ်။ အခြေခံ လစာနည်းပါးပါတယ်။ အဲဒီလစာနဲ့ တတ်နိုင်တဲ့ ဒီဇိုင်းလေးတွေ အဆင် လေးတွေကို အရည်အသွေးကောင်း ကောင်းလေးနဲ့ ဝတ်စေချင်တဲ့ စေတ နာ ကျွန်မစိတ်ထဲမှာ ပထမဆုံး ပေါ်ခဲ့ပါတယ်။ မြန်မာချိတ်၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အနုပညာပစ္စည်း တွေ အားလုံးက မြန်မာတွေနဲ့ သက် ဆိုင်တယ်လို့ ကျွန်မခံစားရပါတယ်။ ကျွန်မသာ သာမာန်အခြေ ခံလစာ တစ်သိန်းခွဲလောက်ပဲရတဲ့ ဝန်ထမ်း တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မိန်းက လေးပီပီလှချင် ပေမယ့် မဝတ် နိုင်ဘူးဆိုပါစို့။

ZAW_1947

အဲဒီ မိန်း ကလေးကို ကျွန်မတအား ကိုယ်ချင်းစာ ပါတယ်။ မြန်မာအမျိုး သမီးတွေအားလုံးဟာ ကျွန်မတို့မြန်မာတွေ ပိုင် ဆိုင်တဲ့ အနုပညာလက် ရာ ပစ္စည်းတစ်ခု ဖြစ် တဲ့ ချိတ်ကို ဝတ်ချင် ပေမယ့် မဝတ်နိုင်တဲ့ခံစား ချက်ကနေ ဝတ်နိုင် ပြီဆိုတဲ့ ဖီလင် လေးနဲ့ လှလှပပတင့် တင့်တယ်တယ် ပွဲတက်လို့ရအောင် အားလုံးသက် သက် သာသာနဲ့ ဝတ်လို့ရအောင် ကျွန်မကြိုးစားခဲ့ပါတယ်။ အ တိုက်အခိုက်တွေ၊ အခက် အခဲတွေ အများကြီးရှိပါ တယ်။ ဒါပေမဲ့ ကျွန်မ တအားဝမ်းသာပါတယ်။ FGM မထွက်ခင် ကတည်းက အားပေးကြ တဲ့ customer တွေ အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ ပြော ပါတယ်။  ချိတ်များကို ကျပ်၁၈၅ဝဝ မှ ကျပ် ၂၃၅ဝဝ အတွင်း ဈေးသက် သာစွာနဲ့ဝယ်ယူ ရရှိ နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

P-060

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here