လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် ခရီးသွား ပြည်သူများအားထားနေရဆဲ မြန်မာ့မီးရထား

0
218

IMG_0285မြန်မာနိုင်ငံရှိ ခရီးသွားပြည်သူ များအတွက်မီးရထား ခရီးသွားလာ ရေးဟာလည်း အရေးပါ တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု၊ လိုင်းကားများ ပေါများလာမှုတို့ ကြောင့် ယခင်ကမီးရထားစီးသူ ဦးရေနည်းပါးခဲ့သော်လည်း ယခု အချိန်မှာတော့ ရန်ကုန်မြို့ အတွင်း မီးရထားများ အဆင့်မြင့် တင်မှု ကြောင့် ရထားစီးသူ ဦးရေ မြင့်တတ် နေကြောင်း သိရပါတယ်။  အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး (သွားလာရေး /တိုင်း) က

“အခုလက်ရှိက ရန်ကုန်မြို့အ တွင်း ရထားပြေးဆွဲမှုက မြို့ပတ်နဲ့ ဆင်ခြေဖုံး ဆိုပြီး အပိုင်းနှစ်ခု ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ ပတ်နေ တဲ့ ရထားလမ်း ကတော့ မြို့ပတ် ရထားလမ်းပါ။ ဆင်ခြေဖုံး ကတော့ လှော်ကားလှမ်းနဲ့ ဒဂုံလမ်းတွေပေါ့။ တစ်နေ့ကို တွဲဆိုင်း အားလုံးပေါင်း ၂၅ ဆိုင်း အခေါက်ရေ ၂၂ဝ ပြေးဆွဲ နေပါတယ်။  လုံခြုံရေး ပတ်သက်ပြီး စီစဉ်ထား ရှိပါတယ်။ အဲဒီ တပ်ဖွဲ့ ခွဲမှူးရဲ့ လက်အောက်မှာ ရထား တစ်စီးကို အနည်းဆုံး မီးရထားရဲ ၃ယောက် လိုက်ပေးပါတယ်။

မီးရထားစီးသူ ဦးရေ ကတော့ အရင်ကထက် ပိုမြင့်တက်လာ ပါတယ်။ အရင်က တစ်နေ့ကို မီးရထားစီးသူ ဦးရေ ၇သောင်း ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ရန်ကုန်လိုင်းကား (YBS) စပြေးဆွဲ တုန်းကတော့ ရထားစီးသူဦးရေ ၉သောင်းခွဲထိ မြင့်တက်ခဲ့ပါတယ်။ အခု လက်ရှိမှာတော့ ၈ သောင်း၊ ၆ သောင်းလောက် ပုံမှန် လည်ပတ်နေ ပါတယ်” လို့ ပြောခဲ့ပါတယ်။

ခရီးသွား ပြည်သူများ အတွက် အန္တရာယ်ကင်းရှင်းဖို့ ရထားကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး ရထား အတွဲများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး ရထားလမ်းများကို အောက်တိုဘာလ ၁ ရက်နေ့မှာ ပြုပြင်မွန်းမံ ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မြို့ပတ် ရထားလမ်း ကိုလည်း တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here