ကလေးတွေ စာတတ်မြောက်စေဖို့လူရွှင်တော် Five Star အဖွဲ့ရဲ့ အလှူ

0
173

fivestar

 

လူရွှင်တော် Five Star  အဖွဲ့က ဇူလိုင်လ ၁၉ရက်နေ့မှာ လှိုင်သာယာမြို့နယ် ၂ဝရပ် ကွက်ရှိ ဆရာတော် ဦးကေသရဦးစီးတဲ့ ‘ဓမ္မဒါနသစ်ပင်ငယ်’ ပညာဒါနကျောင်းတိုက်မှာ သုံ ထပ်ကျောင်း ဆောင်တိုက်ဆောက် လုပ် လှူဒါန်းရန်အတွက် မတည်ငွေ စုစုပေါင်း သိန်းတစ်ရာ့သုံးဆယ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ လှူဒါန်းဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး Five Star အဖွဲ့မှ ကိုအောင်သော်က..

“ဒီနေ့အလှူက ကျွန်တော်တို့ Five Star အဖွဲ့နဲ့၊ အပြင်က အစ်မ ၂ယောက်ရဲ့ မတည်ငွေ သိန်းတစ်ရာ့ သုံးဆယ်ကို သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ဖို့ အတွက် လှူဒါန်းတာပါ။ အဓိက က ဘုန်းဘုန်းဦးကေသရရယ် ကျွန်တော်တို့ ၅ယောက်ပေါင်းပြီး လုပ်ဖြစ်တာပါ။ ပညာဒါန အနေနဲ့ ကလေးတွေကို စာတတ်မြောက် စေချင်တဲ့အတွက် လုပ်ဖြစ်တာပါ”လို့ ပြောပါတယ်။

f2
အခုလက်ရှိ ဒီကျောင်းမှာ ကျောင်းသား ဦးရေ စုစုပေါင်း ၅၂ယောက် စာသင်ကြားနေ တာဖြစ်ပြီး စာသင်ဖို့အတွက် မိုးမလုံ လေမလုံ ဖြစ်တဲ့အတွက်ကြောင့် အခုလို သုံးထပ်ကျောင်းဆောင် လှူဒါန်းရ ခြင်းဖြစ်ကြောင်းကို အောင်သော်က ပြောပါတယ်။

f3
“အခုရှိတဲ့ ကျောင်းလေးက မိုးမလုံလေမလုံဖြစ်တော့ ကလေးတွေ စာသင်တာ အခက်အခဲ ဖြစ်လာ တယ်။ ကလေးတွေကလည်း တစ်နှစ် ထက် တစ်နှစ်များလာတယ်။ အဲဒါကြောင့် စာသင်ရအခက် အခဲဖြစ်နေလို့ ကျောင်းဆောင် လိုအပ်တဲ့အတွက် လှူဒါန်း ဖြစ်တာ ပါ။ လွန်ခဲ့တဲ့ ၁နှစ်ကျော်ကတည်းက ကျွန်တော်တို့ ဒီကျောင်းဆောင်ကို လှူဖြစ်တာပါ၊ ဒီကျောင်းမှာက မိဘမဲ့ ကလေးတွေ လည်း ရှိတယ်။ သူတို့ကို ဘုန်းဘုန်းက စာသင်ပေးရင်းနဲ့ ဒီရပ်ကွက် မှာ နေကြတဲ့သူတွေက လည်း သူတို့ကလေး တွေကို ကျူရှင်သဘောလို သင်ပေး နေတာပါ။ လက်ရှိကျောင်းသား အရေ အတွက် ၅၂ ယောက်ရှိပါတယ်။ ဒီကျောင်းမှာ စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးက ၁၁ယောက် ရှိပါတယ်” လို့” ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here