မြင်းစီးအားကစားကို ဝါသနာပါတဲ့ ဂုဏ်ရည်အေးကျော်

0
225

Goneyi-Aye-Kyaw

လက်ရှိမှာတော့ အလှမယ် ဂုဏ်ရည်အေးကျော်က အစီအစဉ် တင်ဆက်သူ တစ်ဦး အဖြစ် ရပ်တည်နေပါတယ်။ သူမ အနေနဲ့ အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်လာဖို့ သိသင့်သင့်ထိုက်တဲ့ အသိပညာဗဟုသုတများကို စာအုပ်စာပေများမှ ဖတ်ရှုလေ့လာခဲ့ ရပြီး စာဖတ်ခြင်း မှရရှိတဲ့ အကျိုး ကျေးဇူး များကိုလည်း….

“စာဖတ်တာ ကတော့ ဂုဏ်ရည် မူလတန်း ဘဝကတည်းက ဗုဒ္ဓစာပန်းချီတွေ စဖတ် တယ်။ ဘုရားဘယ်လို ဖြစ်လာတယ် ဆို တာတွေပေါ့။ နောက်ပိုင်း ကာတွန်း၊ ပန်းချီတွေ မပါတော့တဲ့ ဗုဒ္ဓစာပေတွေ အိမ်က ဖတ်ခိုင်းလာတယ်။ တစ်ထောင့် တစ်ည စာအုပ် တွေလည်း ဖတ်တယ်။ အသက်ကြီးလာတော့လည်း ဆရာမလွန်ထားထားတို့၊ အကြည်တော်၊ဆရာဖေမြင့်နဲ့ တခြားနိုင်ငံခြား စာရေးဆရာတွေစတဲ့ စာအုပ် တွေ ၊ သုတ၊ရသစုံအောင်တော့ ဖတ်ဖြစ်ပါတယ်။ စာဖတ်ခြင်းကတော့ စိတ်ကို အာဟာရကျွေးသလိုပါပဲ။ စိတ်ကို ဖွံ့ဖြိုး ကြီးထွားစေတယ်ပေါ့။ စိတ်ပိုင်းဆိုင်ရာ အတွက် အရမ်းကောင်းပါတယ်။ အစီအစဉ် တင်ဆက်သူ တစ်ယောက်ဖြစ်လာ ဖို့လည်း ဂုဏ်ရည် စာအုပ်တွေအများကြီး ဖတ်ရှုလေ့လာခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

သူမကတော့ ကျန်းမာရေးအတွက် အားကစားကိုမျိုးစုံလုပ်ဖြစ်ပြီး မြင်းစီးရ တာ ဝါသနာပါသူလည်း ဖြစ်ပါတယ်။ မြင်းစီးရတဲ့ အတွေ့အကြုံ နဲ့ပတ်သက်ပြီး “ဂုဏ်ရည်က အားကစားအရမ်းလုပ်တယ်။ အသီးအနှံတွေလည်း အများကြီးစားပါတယ်။ အားကစားကတော့ အများကြီး လုပ်ဖြစ်တယ်။ မြင်းစီးတယ်၊ ရေကူးတယ်၊ လက်ဝှေ့ လည်းထိုးတယ်။ အကြိုက်ဆုံးအားကစားကတော့ မြင်းစီးရတာပဲ။ မြင်းစီးရ တာကတော့ စစချင်း မစီးတတ်သေးခင် အခက်အခဲရှိတယ်။ အရမ်းလည်း နာတယ်။ နောက်ပိုင်း စီးတတ်သွားရင်တော့ အရမ်းကောင်း တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ အဆီတွေကို မြန်မြန်လောင်ကျွမ်းစေတယ်။ ခန္တာကိုယ်ကျစ်လျစ် သွက်လက်သွားဖို့ အထောက် အကူပြုတယ်။ အောက်ပိုင်းတွေ သန်မာလာတယ်။ ဗိုက်တွေလည်း အလိုလိုချပ်လာတယ်။ မြင်းစီးရတာကောင်းကျိုးတွေ အများကြီးရှိပါ တယ်”လို့ ဂုဏ်ရည်အေးကျော်က ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here