NLD HIV/AIDS ကူညီစောင့်ရှောက်ရေး ဂေဟာမှာ သွားရောက်လှူဒါန်းမယ့် မတူး

0
208

Ma-Tu

ပြည်သူချစ်သရုပ် ဆောင် တစ်ယောက်ဖြစ်တဲ့ မတူးကို သရုပ်ဆောင်တစ် ယောက်အပြင် နောက်ပိုင်း မှာ Miss တစ်ယောက်အဖြစ်ပါ ပရိသတ်တွေသိ မြင်လာ ကြပါတယ်။ ဘာကြောင့်ဆို Mrs Myanmar & Ms Myanmar 2017 ပြိုင် ပွဲရဲ့ အသက်၅၁နှစ်အထက် အိမ်ထောင် ရှင်Mrs Myanmar & Ms Myanmar 2017 ဆုရှင်တစ်ယောက်ဖြစ်လို့ပါပဲ။ Miss တစ်ယောက် ဖြစ်လာပြီးတဲ့ နောက်ဘာတွေလုပ်ဆောင်ဖြစ် သလဲဆိုတဲ့အမေးကိုမေးဖြစ်တဲ့အခါ…

“ကျွန်မတို့ လှူမယ်၊ လှူမယ်နဲ့ပွဲပြီးပြီးချင်း ကိုယ်ရတဲ့ ပိုက်ဆံတွေကို အကြောင်းကြောင်းကြောင့် မအားတာရယ်နဲ့ ကျွန်မက ဇာတ်ကားရိုက်တာလည်းရှိတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ လက်ရှိအမှု ဆောင်တစ် ယောက် ဆိုတော့ တာဝန်တွေကအရမ်းများပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ မကွေးက Miss ပွဲ မှာ ကျွန်မကဒိုင်အနေ နဲ့လုပ်ပေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကိုယ်စားပြု Miss ပြိုင်ပွဲ မှာ သွားပြီးတော့ ကူညီပေးတယ်။ အဲဒါမတိုင်ခင် Miss Myanmar Goldenland  ကနေပြီးတော့မှ ကျွန်မနဲ့ ဆရာဟန် ဇော်လတ်တို့ ဒေါ်ဖြူဖြူသင်းတို့ ထားတဲ့ အရှေ့ဒဂုံက HIV ဝေဒနာရှင် ကလေး ငယ်တွေအတွက် လိုအပ်သမျှတွေကို ကျွန်မ တို့သွားပြီးတော့ ကျွေးမွေးလှူဒါန်းပါတယ်။ နောက်ထပ်လည်း ကျွန်မတို့ သွား ရောက်လှူ ဒါန်းဖို့ရှိပါတယ်”လို့ မတူးကပြောပါတယ်။

အရင်က ပေါင် ၁၈ဝ၊ ၂ဝဝနီးပါးရှိခဲ့ပြီး သွေးတိုးဝေဒနာခံစားခဲ့ရတဲ့ မတူးက  ပြိုင်ပွဲဝင်ပြိုင်ခဲ့စဉ်ကစပြီး ကျန်းမာရေး၊အလှအပ တွေကို ဂရုတစိုက်နဲ့ ပြုပြင်ထိန်းသိမ်းခဲ့တာကြောင့် အခုဆိုရင် ပေါင်၁၃ဝလောက်သာရှိတဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးလည်း အထူးကောင်းမွန်ကြောင်းပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here