ခရီးသွားပြည်သူများ ဘေးကင်းစေဖို့ အဝေးပြေး ယာဉ်လိုင်းများရဲ့ ခရီးသွား ဝန်ဆောင်မှု

0
239

IMG_0854မြန်မာပြည် အဝှမ်းရှိ အမြို့မြို့ အနယ်နယ်ဆီ ခရီးသွား ဝန်ဆောင်မှု ပေးနေတဲ့ အဝေးပြေး ယာဉ်လိုင်းများမှာလည်း ယာဉ်စည်း ကမ်း လမ်းစည်းကမ်း လိုက်နာမှုနဲ့ ခရီးလမ်းပန်း သွားလာရေး ဝန်ဆောင်မှုကောင်း ပေးနိုင်မှုတို့က အဓိကအကျဆုံး အရာများပဲ ဖြစ်ပါ တယ်။ နှစ်စဉ် နှစ်တိုင်းလိုလို အဝေးပြေး ယာဉ်လိုင်းများမှာ ယာဉ်တိုက်မှုများ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များဖြစ်ပွားကာ လူအသေ အပျောက် များပြားပြီး ပျက်စီးဆုံးရှုံးမှု များပြားလှတဲ့ ယူကြုံးမရ အဖြစ်ဆိုးကြီးများ ဖြစ်ပွားကြုံတွေ့ နေလျက် ရှိပါတယ်။ ဒီလို မိမိတို့ လုပ်ငန်းခွင် အတွက် ရော ခရီးသွား ပြည်သူ အများ အသက်အန္တရာယ် ဘေးကင်းစိတ်ချ လုံခြုံစေဖို့ အတွက်ပါ အဝေးပြေးယာဉ်လိုင်းများ အနေနဲ့ ခရီးလမ်းပန်း သွားရေးလာရေး ဝန်ဆောင်မှု ကဏ္ဍ အစီအစဉ်များ တာဝန်ယူ လုပ်ဆောင်ထားပုံ အပါအဝင် ယာဉ်မောင်းများနဲ့ ယာဉ်နောက်လိုက် များတို့ ယာဉ်စည်း ကမ်း လမ်းစည်းကမ်း လိုက်နာကာ မိမိအလုပ် တာဝန် အပေါ် အလေးနက်ထား ဂရုပြုဆောင်ရွက် ကြဖို့ ခရီးသည် လုံခြုံရေး အတွက်မှာကြားလမ်းညွှန်ထားပုံအကြောင်း အဆင့်မြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင် နေကြသူ တို့ရဲ့ အမြင် စကားသံများ စုစည်း တင်ပြလိုက် ပါတယ်။

ကိုထွန်းထွန်းနိုင် (မျိုးဆက်သစ် အဆင့်မြင့်ခရီးသွား ပို့ဆောင်ရေး-ဂိတ်တာဝန်ခံ )

ကျွန်တော်တို့ မျိုးဆက်သစ် အနေနဲ့ကတော့ ယာဉ်ဝန်ထမ်းကို ၂ ယောက်ထားပါတယ်။ ခရီးသည်ရဲ့  လုံခြုံရေးကို အဓိက ဦးစားပေးပါ တယ်။ ကားမထွက်ခင်မှာ ကားရဲ့ ကြံ့ခိုင်ရေးနဲ့ ပတ်သက်လို့  သေချာ စစ်ပါတယ်။ ကားနဲ့ ပတ်သက်လို့ ကတော့ အစစအရာရာ ကို သေချာ လုပ်ပါတယ်။ တာယာဆိုလည်း တာယာကိုအကောင်းတွေပဲ သုံး တယ်။ တာယာဂတုံးတွေ မသုံးဘူး။အသစ်တွေကို လဲတယ်။ ခရီးသည် တွေအတွက် လုံခြုံစိတ်ချမှုအတွက် ပေါ့။ ပြီးတော့ အရက်သေစာမ သောက်စားဖို့ ကိုလည်း ယာဉ်ဝန် ထမ်းတွေ ကို ပြောပါတယ်။ လမ်းခရီး မှာ ခရီးသည်တွေ Safe ဖြစ်ဖို့ အတွက်ကိုလည်း ကျွမ်းကျင်ယာဉ် မောင်းတွေကိုပဲ ခန့်အပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အနေနဲ့ ကတော့ မုန့်ကျွေးတယ်။ စောင်တွေ ပေးတယ်။ လမ်းမှာလည်း ခရီးသည် ရဲ့ ကျန်းမာရေး အရ ဆေးရုံဆေး ခန်းပြဖို့ လိုတယ်ဆိုရင်လည်း နီးစပ် ရာ ဆေးရုံ ဆေးခန်းကို လိုက်ပြပေး တယ်။ ကျွန်တော်တို့ ကတော့ ခရီး သွားပြည်သူတွေရဲ့ အသံတွေကို ပြန်နားထောင်ပါတယ်။ ပြန်နား ထောင်ပြီး ဘာမကောင်းဘူးလဲပေါ့။ မကောင်းတာ ကိုေ သချာပြန် ပြီးတော့ လုပ်ပါတယ်။ လိုအပ်ချက်ရှိရင်လည်း အဲဒီ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်ဆည်းပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ် အနေနဲ့ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်-ကျိုက်က္ခမီ၊ ရန်ကုန်-မြစ်ကြီးနား၊ ရန်ကုန်-လွိုင်ကော်၊ ရန်ကုန်-ငပလီ ဆွဲပါ တယ်။ရန်ကုန်-တောင်ကုတ်-ကျောက်ဖြူကိုလည်း ဆွဲဖို့စီစဉ်နေ ပါတယ်။

ကိုအောင်မျိုးခိုင် (ရွှေကမ္ဘာ အဝေးပြေး -ဂိတ်တာဝန်ခံ)

ကျွန်တော်တို့ ရွှေကမ္ဘာအဝေး ပြေး Express ကားကတော့ ရန်ကုန်မှ တောင်ကြီး နဲ့ မန္တလေးမြို့ ကြီးများကို ပြေးဆွဲနေပါတယ်။ အထူးနဲ့ ရိုးရိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ရိုးရိုးကားကတော့ ၂၅ယောက်စီး Express ကားပေါ့။ အထူးကားက တော့ ၂၇ယောက် စီးကားပါ။ ဝန် ဆောင်မှုကတော့ အထူးကား ဆိုရင် လမ်းမှာ အအေးတိုက်တယ်။ မုန့်ကျွေး ပါတယ်။ လူကိုယ်တိုင် မလိုက်ဘဲ ပစ္စည်း ယူဆောင်ပေးတာတွေလည်း ဆောင်ရွက်ပေးပါတယ်။

ကိုနိုင်လင်းစိုး (မန်းရွှေပြည် အောင်ဆန်းကွင်း-ဂိတ်တာဝန်ခံ)

ကျွန်တော်တို့ မန်းရွှေပြည်ကား ကတော့ ခုလက်ရှိ ရန်ကုန်၊ မန္တလေး၊ လားရှိုးသုံးမြို့ကို ပြေးဆွဲနေပါတယ်။ အထူးနဲ့ ရိုးရိုးဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဝန်ဆောင်မှုကတော့ လူမပါဘဲ ပစ္စည်း ယူဆောင်ပေးတာ ရှိတယ်။ နောက်တစ်ခုက အထူးကား ဆိုရင် လမ်းမှာ အအေးတိုက်တယ်။ မုန့် ကျွေးပါတယ်။

ကျွန်တော်တို့ မန်းရွှေပြည် ကားကတော့ အခုလက်ရှိ ရန်ကုန်၊ မန္တလေး၊ လားရှိုး သုံးမြို့ကို ပြေးဆွဲနေပါတယ်။ ဝန်ဆောင်မှုပိုင်း ကတော့ ခရီးသည်တွေကို လမ်းမှာ အအေး နဲ့မုန့်ကျွေးပါတယ်။ ခရီးသည် တွေဘေးကင်း လုံခြုံဖို့  ကား ကြံ့ခိုင် မှုပိုင်းကိုလည်း အမြဲစစ်ဆေး ပါတယ်။ ခရီးသည်တွေ အတွက် ကားဂိတ် ကနေအိမ်ပြန်ဖို့ အခက်အခဲ ရှိရင်လည်း ကျွန်တော်တို့ အနေနဲ့  Taxi  ခေါ်ပေးတာ တို့လည်း လုပ်ပေး ပါတယ်။ ဒရိုင်ဘာတွေ ကို လည်း အကြောင်း မသိရင် မခေါ်ပါဘူး။ တကယ် တတ်ကျွမ်း တဲ့သူတွေ မောင်းခိုင်းတာပါ။ အဲဒါကြောင့် လည်း ကျွန်တော်တို့ ကားက အခုချိန်ထိ ဘာအတိမ်း အစောင်းမှ မရှိသေးပါဘူး။ နောက်ပြီး လူမပါ လည်းပစ္စည်း ယူဆောင် ပေးတဲ့ ဝန်ဆောင်မှုလည်း ဆောင် ရွက်ပေး ပါတယ်။ ခရီးသည်တွေ ဘေးကင်း လုံခြုံဖို့ အမြဲအလေးထား ဆောင် ရွက် နေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here