စောင့်ထိန်းလိုက်နာသင့်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် အနုပညာရှင်တို့အသံ

0
268

programခရီးလမ်းပန်း သွားလာရေး အဆင်ပြေချောမွေ့ ကောင်းမွန်ဖို့က တော့ ယာဉ်မောင်းတိုင်းလိုလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အလေးထား လိုက်နာဆောင်ရွက် ခြင်းပဲ ဖြစ်ပါတယ်။ ခရီးသွားလာ သူများ အနေနဲ့ မိမိတို့ သွားလိုတဲ့ ခရီး အပါအဝင် ရုံးတက် ရုံးဆင်း၊ လုပ်ငန်းခွင် ဝင်ခြင်းအပြင် နေ့စဉ် နေ့တိုင်း လူမှုကိစ္စ အဝဝ ဆောင်ရွက်ခြင်း တို့ကို အချိန်နဲ့ တစ်ပြေးညီ ပြီးမြောက်အောင် ဆောင် ရွက်နိုင်ပြီး စိတ်အေးချမ်းသာ ဖြစ်စေဖို့အတွက် ရော လိုရာ ခရီးရောက်ရှိနိုင်ဖို့ အတွက်ပါ ခရီးလမ်းပန်း သွားလာရေး ဝန်ဆောင် မှု ကောင်းမွန်ခြင်းက အဓိက ကျလှပါတယ်။ အခုအခါမှာ လူနေ ထူထပ်ပြီး စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ဆိုရင် မြို့တွင်း မြို့ပြင် ကားများ ပိတ်ကျပ်နေပြီး ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပွားနေတာကြောင့် ခရီးမပေါက် လုပ်ငန်းမ တွင် ကျယ်ဘဲ အခက်အခဲ စိတ်ဒုက္ခ ကြုံတွေ့နေကြရသလို ယာဉ်စည်း ကမ်း လမ်းစည်းကမ်း မလိုက်နာသူ များ ပြားကာ ယာဉ်တိုက်မှုများ အဆက်မပြတ် ဖြစ်ပွားကြ ကာ လူအသေအပျောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြပါတယ်။ ဒါကြောင့် ကားများ ပိတ်ကျပ်ပြီး ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုနဲ့ ခရီးလမ်းပန်း သွားလာ ရေး ကဏ္ဍ တို့အပေါ် အနုပညာရှင် တို့ရဲ့အမြင် စကားသံများကို မေးမြန်းကာ စုစည်း ဖော်ပြလိုက် ပါတယ်။

ဆန်းသစ်လ

တနင်္လာနေ့ကနေ သောကြာနေ့ အထိ ကတော့ ရုံးဖွင့်ရက်၊ ကျောင်း ဖွင့်ရက်လည်း ဖြစ်တာဆိုတော့ ကားပိတ်တာ၊ ကားကျပ်တာတွေက အမြဲကြုံ တွေ့နေကျပါ။ ပိတ်ရက်မှပဲ နည်းနည်း ချောင်ချောင် ချိချိလေး သွားလာရတယ်။ ကြားရက်တွေ ဖြစ်သွားရင်၊ ဖွင့်ပွဲတွေသွားရင် ၉ နာရီ အရောက်လောက် လုပ်ထားရင် မနက် ၇နာရီ လောက် ကတည်းက ကြိုသွားရတာ မျိုးတွေရှိတယ်။ ကားပိတ်ချိန်က လမ်းမှာ ၁ နာရီ၊ ၁နာရီခွဲလောက် ကြာတယ်။ တစ်နေ့လုံးလည်း ကားပေါ်မှာပဲ အချိန်ကုန်ကြ ရတာများတယ်။ ဒါတွေက စည်းကမ်းမဲ့ ယာဉ်တွေကြောင့်ရော၊ ဘက်စ်ကားတွေကြောင့် ရောပါတယ်။ လမ်းစည်းကမ်းတွေ တင်းတင်း ကျပ်ကျပ်လေး ထိန်းသိမ်း လိုက်မယ် ဆိုရင် တအား ကောင်းသွားမှာပါ။ အခုတော့ တစ်နေရာရာ သွား ဖို့ဆိုရင် အခြေအနေ ဆိုးတယ်။ လူတွေ အားလုံးလည်း ကိုယ့်အတွက်ပဲ ကြည့်မနေဘဲနဲ့ စည်း စနစ်လေးနဲ့သွားမယ် ဆိုရင် ပိုအဆင်ပြေလာမှာပါ။ မီးပွိုင့်တွေ ပျက်နေလို့ ကားတွေ အရမ်းပိတ်နေတယ် ဆိုရင် ဒီအချိန်မှာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး လုပ် တာမျိုးထက်၊ မျှမျှတတ တွေးပေးတာမျိုး လုပ်သင့်တယ်လို့ ထင်တယ်။ အားလုံး တညီတညွှတ်တည်း ဆောင်ရွက်ရင် ယာဉ်ကြော ပိတ်ဆို့မှုတွေ လျော့ကျလာမယ်လို့ ညီမက ပြောချင်ပါတယ်။

ချမ်းမေမြတ်နိုး

ညီမက တကယ်ဆို မန္တလေး ဇာတိပါ။ ရန်ကုန်မှာတော့ ဘုရင့်နောင်ဘက်မှာ နေတယ်။ အဲဒီဘက်ကဆို ရှုတင် သွားဖို့ကို ရောက်ချင်တဲ့ အချိန်ထက် ၂ နာရီလောက် ကြိုပြီး ထွက်ရတယ်။ ဒါကြောင့် လမ်းပေါ်မှာ အချိန်တွေ ပုပ်တယ်။ ကိုယ့်ရဲ့ နားရမယ့် အချိန်၊ တခြားအလုပ် လုပ်စရာအချိန် တွေကို ကားပေါ်မှာ ပေးလိုက်ရတယ်။ အခုရန်ကုန်မှာ ခုံးကျော် တံတားတွေလည်း တော်တော်များများ ဆောက်ပေး တယ်။ ကားတွေ ကျပ်တာကလည်း လမ်းတွေကြောင့် လည်း ပါသလို၊ လူတွေရဲ့ စည်းကမ်းမဲ့ မှုကြောင့်လည်း ပါတယ်။ ယာဉ်မရပ် ရနေရာမှာလည်း ခဏပါ ပဲဆိုပြီး ရပ်လိုက်ရာကနေ ကားတန်း ကြီး တစ်တန်းလုံးပိတ်သွားတဲ့ အခါ တွေလည်းရှိတယ်။ ဒါတွေကြောင့် ကိုယ့် အတွက်ကိုချည်းမကြည့်ဘဲနဲ့ အားလုံး စည်းကမ်းတကျလေး၊ ယာဉ်စီးကမ်း လမ်းစည်း ကမ်းနားလည်တဲ့ လူတွေကား မောင်းရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတယ်။ နောက်ပိုင်း Auto Gear နဲ့ လမ်းပေါ်တက်တဲ့ သူတွေ လည်းများလာလို့ပါ။ ယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်း သင်္ကေတတွေကို မသိတဲ့ ကားမောင်းသူတွေ တောင်ရှိနေတယ်။ ဒါ ကြောင့်ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း လိုက်နာရင် တော့ အကောင်းဆုံးပါ။

မိုးယံဇွန်

ယာဉ်ကြော ပိတ်ဆို့မှုတွေက ဖွံ့ဖြိုးဖို့ အတွက် ကြိုးစားနေတဲ့ နိုင်ငံတိုင်းမှာ ရှိနေကြတာပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာလည်း လက်ရှိသွား လာနေ တဲ့ကားတွေနဲ့ လမ်းတွေကြားမှာ အဆင်မပြေ တာလေးတွေ ရှိနေတယ်။ တချို့က တော့ တကယ် ယာဉ်ကြော ပိတ် တာတွေရှိတယ်။ တချို့အခြေ အနေတွေက တော့ လမ်းတွေ ပြင်လို့တို့၊ အကွေ့ ယာဉ် ကြောတွေမှာ နှစ် ထပ် ရပ်ထားလို့ဆိုတာ မျိုးတွေကြောင့်ပါ။ အဓိကကတော့ ကိုယ် စီထားရှိတဲ့ စိတ်ပါပဲ။ စိတ်ပိုင်းဆိုင်ရာ လေး တွေ သာပြုပြင်ပြီး အကောင်း မြင် စိတ်လေးတွေ နဲ့ ပြုပြင် မယ်ဆို ရင်အကောင်းဆုံးပါ။ ကားတွေ ကျပ်တာကတော့ နိုင်ငံတိုးတက် လာတာ နဲ့အမျှ တော့ရှိနေဦးမယ် လို့ ကျွန်တော် ထင်ပါတယ်။ဒါက ရှောင်လွှဲလို့ မရတဲ့အရာတစ်ခုပါ။ မိုးတွေ လည်းရွာတော့ပိုဆိုးတယ်။ ဖြေရှင်းဖို့လည်း နည်းနည်း ခက် ပါတယ်။

ပိုပို

နိုင်ငံခြားမှာ တစ်ခုကောင်းတာက Taxi ကိုမြို့နယ် လိုက်ရှိတယ်။ Taxi  တောင်မှ သူ့မြို့ အလိုက် အရောင်တွေ ခွဲထားတယ်။ ရန်ကုန်က Taxi  သမားက ပဲခူးမှာ သွားမောင်းလို့ မရသလိုပေါ့နော်။ လမ်းပန်း ဆက်သွယ်ရေးကို ခွဲခြားထားတယ်။ သူတို့ဆီမှာလည်း လမ်းပိတ်တာပဲ။ ပိတ်တယ် ဆိုပေမယ့် သူတို့က အရမ်းစည်းကမ်း ရှိတယ်။ စည်းကမ်းရှိတဲ့ အတွက်ကြောင့် ကြန့်ကြာမှုတွေ သိပ်မရှိဘူး။ ၄၅မိနစ် ကြာမယ်ဆိုရင် ၄၅မိနစ်ပဲ။ ဒီ့ထက်ပိုပြီး ကြာစရာ အကြောင်း မရှိဘူး။ အဲဒါက ကိုရီးယားမှာပေါ့။ နောက် ပိုတို့မလေးနဲ့ စင်ကာပူ ကို သွားဖူးတယ်။ မလေးကနေ စင်ကာပူကို ပြန်တက်တဲ့အချိန်မှာ ကားတွေ က လုံးဝမလုဘူး။ လိုင်းက ၃လိုင်း၊ ၄လိုင်းလောက် ခွဲထားတယ်။ သူတို့ဆီမှာ လမ်းပန်းဆက်သွယ် ရေး ကတော့ ခုံးကျော်တံတားတွေ အများကြီး၊ အများကြီးဆောက် ထားတော့ ပိုပြီးတော့ အဆင်ပြေတာ ပေါ့နော်။ အဓိကကတော့ နိုင်ငံသား တစ်ဦးချင်းစီတိုင်းရဲ့ စည်းကမ်းပေါ့နော်။ နောက်တစ်ခုက ဘယ်မှာတွေ့ခဲ့လဲ ဆိုတော့ Europe မှာပေါ့နော်။ Europe မှာ ထူးထူး ခြားခြား မေးကြည့်တာပေါ့နော်။ အဲဒီကားသမားကို မြန်မြန်သွားပါ လားလို့။ ဘာဖြစ် လို့ မြန်မြန်မ သွားတာလဲလို့။ သူကဘာပြောလဲ ဆိုတော့ သူတို့ဆီမှာ သတ်မှတ်ထား တဲ့ မိုင်နှုန်းထက် ပိုပြီးမောင်းလို့မရ ဘူးတဲ့။ အဲဒီတော့ ပိုက ပြန်မေးတယ်။ ဘယ်သူက ကြည့်နေမှာလဲလို့။ သူတို့ဆီမှာ Computer Box နဲ့တစ်ခါ တည်းတပ်ပြီးသား။ မိုင်ဘယ်လောက်ပဲ မောင်းရမယ်။ ပိုမောင်းလို့ မရ ဘူး။ အဲဒီလိုမျိုး စည်းကမ်းလေးတွေရှိ တယ်။ ပိုမောင်းလို့ မရအောင် လည်းကားမှာ တစ်ခါတည်း တပ်ပေးပြီး သား။ ပြီးရင်နောက် တစ်ခုရှိ တာက သူတို့ဆီမှာ တစ်နေ့ ကို ၈နာရီ ပဲမောင်းရမယ်ဆိုရင် ၈နာရီပဲ။ ပိုမောင်း လို့မရဘူး။ သူတို့ ဆီမှာက ယာဉ်မောင်းတွေ ရော၊ ခရီးသည်တွေရောအားလုံး ကို စည်းကမ်းတကျဖြစ် အောင် လုပ်ထားတယ်ပေါ့နော်။ စည်း ကမ်းတွေ ကတော့တော်တော် ကောင်းပါတယ်။

နန်းခင်ဇေယျာ

ကားတွေပိတ်တာက မိုးရွာတဲ့အချိန်မှာ ပိုဆိုးပါတယ်။ အရင်က ၄၅ မိနစ်လောက် ကားပိတ်ရင် မိုးရွာတော့ ၁နာရီခွဲလောက် ကြာသွားရော။ အဓိကက မြောင်းရေ တွေလျှံတာတွေကြောင့် အပြင်ထွက်ဖို့ တော်တော် စဉ်းစားရတယ်။ အပြင် သွားရင်လည်း တစ်နေ ကုန် ဘာအလုပ်မှမပြီးပဲ ကားပေါ်မှာပဲ အချိန်ကုန်ကြရတယ်။ အရင်ကဆို စနေ ၊တနင်္ဂနွေက ကားချောင်တယ်။ အခုဆို ပိတ် ရက်တွေတောင် ကားတွေပိတ်တာ ကိုတွေ့ရတယ်။ နန်းခင် ကတော့ လမ်းတွေကိုလည်း ချဲ့စေချင်တယ်။ ကားတွေကိုလည်း သူ့လိုင်းနဲ့သူ စည်းကမ်းတကျ သွားစေချင်တယ်။စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့်လည်း ကားတွေကျပ်ရင် အချိန်တွေပိုကြာရ တာကြောင့်ပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here