အကျဉ်းသားတွေ များလို့ ထောင်အသစ်တွေ တည်ဆောက်သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အကြံပြု

0
110

အကျဉ်းထောင်တွေမှာ အကျဉ်း သားတွေ ကြပ်တည်းနေတာကြောင့် အကျဉ်းထောင် အသစ်တွေတည် ဆောက်သင့်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါ တယ်။ ဇူလိုင်လ ၂၁ရက်နေ့က ကျင်း ပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂ဝ၁၆နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းစဉ် သူကအထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

“စစ်ဆေးခဲ့တဲ့ အကျဉ်းထောင် ၈ခုမှာ ဝင်ဆန့်တာက ၆ဝဝဝသာ ဆန့်သော်လည်း ၈၄ဝဝကျော်ထား တဲ့အတွက်ထားနိုင်တဲ့ အကျဉ်းသားတွေထက် ပိုထားနေရတဲ့အတွက် သင့် လျော်တဲ့နေရာမှာ အကျဉ်းထောင်အသစ်တွေ တည်ဆောက်ပေးသင့် ပါတယ်”လို့ သူက ဆိုပါတယ်။

အကျဉ်းထောင်အသစ်တွေ တည်ဆောက်သလို လက်ရှိအကျဉ်း ထောင်တွေနဲ့ အလုပ်စခန်းတွေမှာ လည်း လိုအပ်တဲ့ ဝန်ထမ်းအင်အား တွေ ဖြည့်တင်းခန့်အပ်ဖို့၊ လိုအပ် နေတဲ့ဆရာဝန်နဲ့ ကျန်းမာရေး ဝန် ထမ်းတွေ ခန့်အပ်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က သူ့ရဲ့အစီရင်ခံစာထဲမှာ တိုက် တွန်းထားပါတယ်။

အကျဉ်းထောင် ၈ခုကို စစ် ဆေးခဲ့တဲ့နေရာမှာ ပြစ်ဒဏ်ကျ အကျဉ်းသားရဲ့ ၇ဝရာခိုင်နှုန်းကျော်ဟာ မူးယစ်ဆေးဝါးဥပဒေနဲ့ အကျဉ်း ကျနေသူတွေလို့ သိရပါတယ်။ ဒါ့အပြင် အကျဉ်းထောင်ထဲက မိခင်နဲ့အတူရှိနေတဲ့ ကလေးတွေကို လည်း ဖွံ့ဖြိုးတိုးတက်ရေး ၊ မူကြိုသင်ယူမှု၊အာဟာရပြည့်ဝစွာစားသုံးရမှု စတဲ့ အခွင့်အရေးတွေရအောင် လုပ်ဆောင်ပေးဖို့ နည်းလမ်းရှာသင့် တယ်လို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။

စိုင်းလမင်း


LEAVE A REPLY

Please enter your comment!
Please enter your name here