ပွဲမိန့် တောင်းခံမှုမှာ အရင်အတိုင်း ခက်ခဲမှုတွေ ရှိနေကြောင်း ပွဲစီစဉ်သူဦး ကြည်ဝင်းပြောကြား

0
212

u-kyi-win

မြန်မာပြည်တွင်း ဖျော်ဖြေပွဲများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာကိုပွဲမိန့်များ တောင်းခံတဲ့အခါမှာ အရင် ခေတ် ကာလက အတိုင်းပဲ ခက်ခဲမှုတွေ ရှိနေသေးကြောင်း ပွဲ စီစဉ်သူအလွှာမှ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောပါတယ်။

“အရင်နည်းအတိုင်း ထူးမခြားနားပါပဲ။ ငွေကုန်ကြေး ကျတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ပွဲလမ်း သဘင်ကျင်းပ ဖို့က ပွဲမိန့်မရှိရင် ကျွန်တော်တို့ ပွဲစီစဉ်ဖို့လည်း မလုပ်ဘူး။ နိုင်ငံတော်ကိုလည်း မဆန့်ကျင်ဘူး။ ပွဲမိန့်ကိုသမားစဉ်အတိုင်း ကျွန်တော်တို့လျှောက်တယ်။ အဲဒီမှာ ငွေရေးကြေးရေး ကိစ္စတွေ အပေးအယူတွေပေးမှကမ်းမှ လုပ်တာတွေက အခုအချိန်အထိ ရှိတုန်းပဲ” လို့ ပွဲမိန့်တောင်းခံမှုမှာ ခက်ခဲ နေရတဲ့ အကြောင်းကို ဦးကြည်ဝင်းကပြောပါတယ်။

တိုင်းပြည်စည်ကားတိုးတက်လာတာနဲ့အမျှ အနု ပညာလုပ်ငန်းတွေ ဖျော်ဖြေရေးတွေ အားကောင်းလာမှာ ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ဖျော်ဖြေရေးကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်မယ် ဆိုရင် ပွဲလမ်းသဘင်တွေ ပိုမိုများပြားလာမှာ ဖြစ် ကြောင်း သူက ထပ်ပြောပါတယ်။

“ဂီတဆိုရင်လည်း ဂီတပွဲမိန့်လွယ်ကူအောင် မြန်မာ နိုင်ငံဂီတအစည်းအရုံးမှာ တာဝန်ရှိတယ်လို့ ယူဆ တယ်။ သဘင်နဲ့ပတ်သက်တဲ့ ဇာတ်ပွဲတွေ ကပြမယ် ဆိုရင်လည်း ပွဲမိန့်ကိစ္စတွေ လွယ်ကူလျှင်မြန်လာ အောင် သဘင်ပညာရှင်များအစည်းအရုံးကနေပြီး တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို နှိုးဆော်တိုက် တွန်းမှုတွေရှိရင် ပွဲမိန့်တွေ လွယ်ကူ လျှင်မြန်လာမယ် လို့ ထင်ပါတယ် “လို့ ပွဲမိန့်ကိစ္စတွေ ပိုမိုမြန်ဆန်စေဖို့ နဲ့ ပတ်သက်လို့ နှစ်ပေါင်း သုံးဆယ်ကျော် ပွဲစီစဉ်ခဲ့တဲ့ ဦး ကြည်ဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here