ဒီခေတ်မှာ အမျိုးသမီးတွေ နေရာပိုရလာတယ် ဆိုတာ ခေတ်ရဲ့တောင်းဆိုမှု အရလည်း ပါပါတယ် ပတ္တမြားကေခိုင်

0
140

Padamyar-K-Khaing

လက်ရှိခေတ်မှာတော့ အမျိုး သားတွေနဲ့တန်းတူ အမျိုးသမီးတွေကလည်း နယ်ပယ်အသီးသီးမှာ ခေါင်း ဆောင်မှုနေရာတွေကိုရောက်ရှိကာ ကိုယ့်လောက အတွက် စွမ်းဆောင်နေကြပြီလည်းဖြစ်ပါတယ်။ ဒီလို တန်းတူဆောင်ရွက်နိုင်အားတွေ ရှိလာတာကလည်း အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် လည်း ဖြစ်ပါတယ်။ ဂရိတ်ဦးဘိုးစိန်ရဲ့ မြစ်တစ်ဦးဖြစ်တဲ့ ပတ္တမြားကေခိုင်ဟာဆိုရင်လည်း ကြီးမြတ်လှတဲ့ မျိုးရိုး ကိုလည်း ထိန်းသိမ်းရင်း ရုပ်ရှင်ထုတ်လုပ်သူ၊ ပွဲ စီစဉ် သူစတဲ့ လုပ်ငန်းတွေကို အောင်မြင်စွာလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သဘင် အစည်းအရုံး(ဗဟို)ရဲ့ ပြန်ကြားရေးမှူး တာဝန်ကို ထမ်း ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်နိုင်ဖို့ ဘာတွေသိထားဖို့ လိုမလဲဆိုတာကို တော့ သူက “လူတစ်ယောက်က ဘယ်လိုနည်းနဲ့မှ ဘက်ပေါင်းစုံမှာမထူးချွန်နိုင်ဘူး။ ဥပမာ အစ်မက သဘင်နဲ့ ပတ်သက်တာ လုပ်မယ်ပေါ့။ သဘင်နဲ့ ပတ်သက်တာလုပ်မယ်ဆိုရင် ငါကပွဲပဲစီစဉ်မှာဆိုပြီး ထိုင်နေလို့မရဘူး။ ဇာတ်ညွှန်းကိုလည်း သိဖို့လိုတယ်။ ဘယ်ဇာတ်ကောင်ဟာ ဘယ်ကာရိုက်တာနဲ့ လိုက် ဖက်မလဲ ဆိုတာကိုလည်း သိထားဖို့လိုတယ်လေ။ အစုံကိုသိထားရတယ်” လို့ ပတ္တမြားကေခိုင်ကပြော ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ဦးဆောင်သူနေရာတွေကို ရောက်ရှိလာတယ်ဆိုတာကလည်း ခေတ်ရဲ့တောင်း ဆိုမှု ပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ကြောင်း၊ အမျိုး သမီးတွေက အမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်နေရ တာတော့ အမှန်ပဲဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ယောက်ျာလေးတွေက မိန်းကလေးတွေ ဒီလို အလုပ်လုပ်တာကို ကြိုဆိုတဲ့နည်းတူ မိန်းကလေး ဆိုပြီး ညှာတာလိုက်မယ်ဆိုတာမျိုးတော့ သူတို့ မရှိ ပါဘူး။ မရှိဘူးဆိုတာက အနိုင်ကျင့်နေတယ်လို့ပြော နေတာ မဟုတ်ဘူး။ သူတို့နဲ့တန်းတူပဲလို့သဘော ထားလို့၊ သူတို့လိုပဲလို့တွက်လို့ မညှာတာတာပါ။ မိန်းကလေးတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း တွေကို သူတို့အသိအမှတ်ပြုတယ်လို့ပဲ ကျွန်မ ခံစား တယ်။ ဒါကြောင့် ယောက်ျားလေးနဲ့ မိန်းကလေး ယှဉ်လိုက်ရင် ရှိရမယ့်ဟိရိသြတ္တပကလွဲလို့ ကျန်တဲ့ အရည်အချင်းတွေ အကုန်လုံးသည် ဘာမှသိပ်မကွာ ဘူး။ ကြိုးစားကြပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်သေချာသိပါ။ ကိုယ်ဘာလုပ်ချင်လဲဆိုတာ ကိုယ် သိရင် ကိုယ့်ဘာဆက်လုပ်ရမလဲဆိုတာလည်း ကိုယ် သိသွားလိမ့်မယ်။ ပြီးတော့လည်း လေ့လာမှုကို ရပ်တန့် မနေရဘူး။အကုန်လုံးကို သိအောင်လုပ်ထားခြင်း အားဖြင့် သူများထက် ခေါင်းတစ်လုံး ပိုသာသွားမယ်။ ဒါကြောင့် ဒီခေတ်မှာ မိန်းကလေးတွေ နေရာပိုရလာ တယ်ဆိုတာ ခေတ်ရဲ့တောင်းဆိုမှုအရလည်းပါပါ တယ်။ တစ်ခါတစ်လေကျရင်တော့ မိန်းကလေးဆို တာအားငယ်တတ်တယ်။ အဲဒီလိုစိတ်မျိုးဝင်လာရင် ဖျောက်ဖျက်ပစ်လိုက်ပါ။ ပြီးရင်ပြန်ထပါ။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားထားရာပါပဲ”လို့ သူက သူ့ရဲ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကာ အားပေးစကား ပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here