ဒုတိယစီးရီးခွေမှာလည်း R& B သီချင်းတွေကို ခံစားရဦးမယ် ဆိုတဲ့ Sophia Everest

0
250

Sofera

Sophia Everest က ဒုတိယတစ်ကိုယ်တော် စီးရီးခွေထွက် ဖို့ ပြင်ဆင်နေပါပြီ။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေ ‘NVM’ ဒီနှစ်ထဲမှာ ထွက်ရှိထားတာဖြစ်ပြီး အခု ဒုတိယ စီးရီးခွေထွက်တော့ မှာဆိုတော့ တစ်နှစ်တည်းမှာ၂ခွေထွက်တဲ့အဆိုတော်တစ်ယောက် အဖြစ် မှတ်တမ်းဝင်တော့မှာပါ။ ပုံမှန်အားဖြင့် ပထမအခွေ အမ်တီဗီထွက်ပြီးမှ ဒုတိယ အခွေ Audio ဘက်ကို လှမ်းတာ များ ပေမယ့် Sophia ကတော့ အဲဒီအစဉ် အလာကို ဆန့်ကျင်လိုက် ပါတယ်။

“ညီမ အမ်တီဗီက တော့ ‘Ha Ha Ha’ ရိုက်ကူးပြီးသွားပြီ။ ညီမအမ်တီဗီ တွေ မထွက်တော့ဘူး။ အွန်လိုင်းမှာပဲဖြန့်မှာပါ။ ညီမ အခု ဒုတိယ အယ်လ်ဘမ် အတွက်ကို လုပ်နေပါပြီ။ ညီမကတော့ ပထမအခွေအမ်တီဗီကို ဖေ့စ်ဘုတ်ပေါ်မှာတင်ဖို့လည်း စဉ်းစား ထား တယ်။ နောက် တစ်ခု ကကျတော့ ဒုတိယ  Solo Album နောက်တစ်ခု ထပ်ထွက်ပြီးတော့မှ ၂ခွေပေါင်း ပြီးတော့မှ အကောင်းဆုံး သီချင်း၊ ပရိသတ်အား အပေးဆုံး သီချင်း တွေကို ရွေးပြီးတော့ အမ်တီဗီထွက်ဖို့စဉ်းစားထားပါ တယ်”လို့ အခွေအတွက် သူမရဲ့အကြံ ကို ပြောပါ တယ်။ ဒုတိယ စီးရီးခွေထဲမှာပါမယ့် သီချင်းပုံစံ တွေက….

“အခုတော့ ညီမသီချင်းက အသံသွင်းနေ တုန်းပဲရှိသေးတာပေါ့နော်။ အချောတော့ မသပ်ရ သေးဘူး။ ညီမရဲ့သီချင်းဒီဇိုင်း တွေရော၊ ကာဗာဒီဇိုင်းတွေရော ပြောင်းလဲပြီး တွေ့ရမှာပါ။ သီချင်းက တော့ R &B လိုင်းကိုပဲဆိုထား ပါတယ်။ ဒါပေမဲ့ Latin သီချင်းပုံစံလေး တွေ လည်းပါပါတယ်”လိှု့Sophia က ပြော ပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here