ဗီဒီယိုပျောက်သွားမယ် မထင်ဘူးလို့ ဆိုလာတဲ့ သတ္တိ

0
356

That-Ti

သရုပ်ဆောင်သတ္တိက အခုလတ်တလောမှာ ဒါရိုက်တာ ကျော်ဇောဝင်းရိုက်ကူးတဲ့ ‘Voting အများဆုံးအချစ်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်ပြေတီဦး၊ မင်း မော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ ပါဝင်ရိုက် ကူးထားပါ တယ်။ အခုလတ်တလောမှာ သတ္တိက သူအများဆုံးရိုက်ကူးနေရတဲ့ ကာရိုက်တာကို “အခုလတ်တလောမှာ မင်းသားရဲ့ အစ်ကိုနေရာက ရိုက်ကူးလာရတယ်။ ဒါမှမဟုတ် မင်းသား နဲ့အပြိုင် ဇာတ်ကောင်တစ်ကောင် နေရာက ပါဝင်ရိုက်ကူးနေရပါတယ်။ အစ်ကို့နေရာက ပိုများပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့တာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဖြတ်သန်းခဲ့တာဆိုတော့ နောက်ကပို့ပေးတဲ့အရာရှိရင် ကိုယ်က အေးဆေး လိုက်ရတယ်။ အခုဒီလိုမျိုး ဒုတိယ နေရာက ဇာတ်ပို့က ပိုခက်တာကို သိလာရတယ်။ တကယ်ကောင်းမှ ရိုက်ကူးလို့ရတဲ့နေရာပါ။ အရင်တုန်းကလူတွေက ဇာတ်ပို့ဆို သိပ်ပြီး အာရုံမလာဘူးပေါ့။ ဒါပေမဲ့ အားလုံးက သရုပ်ဆောင်ပါပဲ”လို့ ပြောပါတယ်။

သတ္တိက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာရှိပေမယ့် ရုံ မတင်သေးဘူး လို့ ပြောပါတယ်။ ရုပ်ရှင်အပြင် ဗီဒီယိုရိုက်ကူးရတဲ့ အကြောင်းကိုတော့”ဗီဒီယိုက သူ့ဟာနဲ့သူတော့ ရှိတယ်။ တအားခေါင်တဲ့နေရာတွေမှာ ရုပ်ရှင်မရှိနိုင်ဘူး။ နောက် ပြီး သူတို့က ရုပ်ရှင်ကြည့်မယ့်အချိန်လည်း ပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ညပိုင်းဗီဒီယိုကို ကြည့်ကြတယ်။ ကျွန်တော်ကတော့ ဗီဒီယိုပပျောက်မယ်လို့တော့ မထင်ဘူး”လို့ ပြောပါတယ်။ သရုပ်ဆောင်သတ္တိက သူတို့မျိုးရိုးမှာ အနုပညာ သမားမရှိတာကြောင့် အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး အခုချိန် မှာ ကိုယ်ရိုက်ချင်တာတွေရှိပေမယ့် လုပ်ပိုင်ခွင့်ရတဲ့အချိန်ကို စောင့်နေပါတယ် လို့လည်းဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here