အနုပညာ ဖန်တီးမှုအသစ်တွေ ပြုလုပ်တော့မယ့် ရဲလေး နဲ့ ဂျိုကာ

0
236

yelay

အဆိုတော် ရဲလေးနဲ့ ညီဖြစ်သူ ဂျိုကာတို့က YL JK ဆိုတဲ့ Entertainment Facebook Page တစ်ခုကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ဒီ Page ကတစ်ဆင့် အနုပညာလှုပ်ရှားမှု အသစ်တွေကို လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

” ကျွန်တော်တို့ အဲဒီ Page လေးကို ဖွင့်ထားတာ မကြာသေးပါဘူး။ နောက် ပိုင်းမှာတော့ ဒီ Page က တစ်ဆင့် ကျွန်တော်တို့ရဲ့ အနုပညာ လှုပ်ရှားမှု တွေကို မြင်တွေ့ရမှာပါ။ ဘာလို့ ဒီ Page လေးကို ဖွင့်ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အဲဒီ မှာ တစ်စုတစ်စည်းတည်း ဖြစ်စေချင် လို့ပါ။ နောက်ပိုင်းမှာတော့ အဲဒီ Page ကတစ်ဆင့် သီချင်းသစ်တွေ၊ MTV တွေ စသဖြင့် တင်ပေးသွားပါမယ်”လို့ ရဲလေး ဂျိုကာ ညီအစ်ကို နှစ်ယောက်က ပြောပါတယ်။

ရဲလေးနဲ့ ဂျိုကာ ညီအစ်ကို နှစ်ယောက်က သီချင်းတွေလည်း သီဆိုသလို ရုပ်ရှင်သရုပ်ဆောင်တွေ လည်း ဖြစ်ကြပါတယ်။ ရုပ်ရှင်ဂီတ အနုပညာနှစ် မျိုးလုံးမှာ ပျော်ဝင်တဲ့ ရဲလေး ဂျိုကာ ညီအစ်ကို က…

“ရုပ်ရှင်နဲ့ ဂီတဆို တာလည်း ညီအစ်ကိုတွေ လိုပါပဲ။ ကျွန်တော်တို့ အနေနဲ့လည်း အနုပညာ အပေါ်မှာ ရင်ခုန်တဲ့သူ တွေဖြစ်တဲ့အတွက် ရုပ်ရှင် ရော၊ ဂီတရော နှစ်ဖက် စလုံးမှာ ကိုယ်လုပ်နိုင်သ လောက် လုပ်သွားမှာပါ”လို့ပြောပါတယ်။နောက်ပိုင်းမှာလည်း ရဲလေးနဲ့ ဂျိုတာ ညီ အစ်ကို တို့ရဲ့ နှစ်ယောက်ပေါင်း အနု ပညာ ဖန်တီးမှုအသစ်တွေ ထပ် ထွက်လာဖို့ရှိတယ်လို့လည်း ရဲလေး က ပြောခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here