အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ အဲလက်စ်

0
167

alex

ဒီဘက် နှစ်ပိုင်းကာလတွေမှာတော့ အဆိုတော်အဲလက်စ်က ဂီတလှုပ် ရှားမှုတွေကနေ အနားယူထားပြီး ပြင်ပစီးပွား ရေးလုပ်ငန်းတွေပဲ လုပ်ကိုင်ဖြစ် နေတယ်လို့ သိရပါတယ်။ ဂီတလှုပ်ရှားမှုတွေနဲ့ ပြတ်တောက်သွားတဲ့ အကြောင်းကို အဲလက်စ်က…

“အဓိကကတော့ ကျွန်တော် တခြားအပြင် အလုပ်တွေလုပ်ရင်းနဲ့ အဲ့ဒီ ဘက်မှာပဲ အချိန်ပေးဖြစ်နေလို့ပါ။ ဂီတအလုပ်ဆိုတာကလည်း အချိန်တွေ စိတ်တွေအေးအေးဆေးဆေးရှိမှ အချိန်တအားပေးပြီး လုပ်ရတာမျိုးပါ။ကျွန်တော်က လောလောဆယ်အချိန်လည်း သိပ်မပေးနိုင်တော့ မလုပ်ဖြစ် တဲ့သဘောပါ”လို့ အဲလက်စ်က ပြောပါတယ်။

အဲလက်စ်က အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် လတ်တ လောမှာတော့ ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ဗူနထနငဆိုတဲ့ င်္ခေနဘသသု အကောင့်တစ်ခုကို ဖွင့်ထားပြီးအသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ပရိသတ်တွေကိုလည်း အားနာပါတယ်။ အခုတော့ Facebook သုံးပါတယ်။ အဲ့ဒီက တစ်ဆင့်ပဲ ပရိသတ်တွေနဲ့ ထိတွေ့ရတာ ပေါ့။ ကျွန်တော်က ဒီကြားထဲမှာတော့ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ မရှိသေးပါဘူး။ ကျွန်တော် တခြားအလုပ်တွေမှာပဲ အချိန် ပေးနေရလို့ပါ”လို့ ပြောတဲ့ အဲလက်စ်အနေနဲ့ ဆယ်စုနှစ်နှစ်ခုနီးပါး လုပ်ကိုင်ခဲ့တဲ့ ဒီအလုပ်တွေ ကို ဆက်မလုပ်ဖြစ်တာက ဒီလောကအပေါ်စိတ်ကုန်သွားတာလား၊ တခြား လုပ်ငန်းတွေဘက်မှာပဲ မွေ့လျော်နေတာလားဆိုတာတော့ သူကိုယ်တိုင်ပဲသိပါ လိမ့်မယ်။ အဲလက်စ်က လတ်တလောအနီးစပ်ဆုံး အနုပညာလှုပ်ရှားမှု အနေနဲ့တော့ အတွဲစီးရီးတစ်ခုမှာ သီချင်းတစ်ပုဒ်ပါဝင်သီဆိုဖို့ရှိတယ်လို့ လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here