တပ်မတော် ပါဝင်တဲ့ စစ်ဆင်ရေး တစ်ရပ်အနေနဲ့ သစ်ခိုးထုတ်မှုတွေကို ထိရောက်စွာ ဖြေရှင်းပေးဖို့ အစိုးရကို လွှတ်တော်ကနေ တိုက်တွန်းပြီ

0
321

နိုင်ငံတစ်ဝန်းဖြစ်ပွားနေ တဲ့ သစ်ခိုးထုတ်မှုတွေကို ထိရောက်စွာ ဖြေရှင်းဆောင် ရွက်ပေးဖို့ နိုင်ငံ တော်အစိုးရ ထံ တိုက်တွန်းကြောင်း အဆို ကို ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပါတယ်။ ဇူလိုင် လ၂၈ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၁ဦးက ဆွေး နွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က တရားမဝင် သစ်မှောင်ခိုထုတ်လုပ်နေတဲ့ သူတွေကို တပ်မတော်ပါဝင် ပြီး စစ်ဆင်ရေးတစ်ရပ် အနေနဲ့ဖမ်းဖို့ လိုတယ်လို့ ပြောပါတယ်။

“တကယ် တမ်းပြောမယ်ဆိုရင် သစ်တောရဲနဲ့၊ ရဲနဲ့ဌာနဆိုင်ရာ လောက်နဲ့ မလုံလောက်ဘူးဆိုတာ သေချာတယ်။ ဒါကြောင့်မို့လို့ စစ်ဆင်ရေး တစ်ရပ်အသွင်နဲ့ တပ်မ တော်ပါဝင်ပြီးတော့ စဉ်ဆက်မပြတ်တဲ့ စစ်ဆင်ရေး တစ်ရပ် လုပ်ပြီးတော့မှ ဖမ်းဖို့လိုပါတယ်”လို့ သူက ပြောပါတယ်။ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင် စည်သူကတော့ တရားမဝင် သစ်ခိုးထုတ်မှု တွေဟာ တရားဥပဒေကို စိန်ခေါ်သလို မျိုးဖြစ်နေ တယ်လို့ ပြောပါတယ်။

“သစ်များခိုးထုတ်တဲ့ လမ်းကိုသိတဲ့ ပြည်သူက တာဝန်သိသိနဲ့သတင်းပေးပေမယ့် သတင်းပေးတဲ့ ပြည်သူတွေရဲ့ သက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။ ဒါဟာ တရား ဥပဒေကိုစိန်ခေါ်နေသလိုဖြစ်နေပါတယ်”လို့ ဒေါက်တာဒေါ်ခင် စည်သူကပြောပါတယ်။

သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းကလည်း အခုအဆိုမှာလိုအပ်နေတဲ့ အတွက်မှတ်တမ်းတင်ပေးဖို့ လွှတ်တော်မှာ ပြောကြားခဲ့ပါ တယ်။

စိုင်းလမင်း


LEAVE A REPLY

Please enter your comment!
Please enter your name here