ပြည်မြို့ မှပျူခေတ်တွင်တည်ထားသည့် မဟာစေတီ ဘုရားကြီး

0
354

 

Untitled-2

ပြည် မြို့သည် ပဲခူးတိုင်း အနောက် ဘက်ခြမ်း ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းတွင်တည်ရှိ၏။ ရခိုင်ပြည်နယ်၊ ဧရာ ဝတီတိုင်း၊ မကွေးတိုင်းတို့နှင့် ကုန်လမ်း၊ ရေလမ်းဆက်သွယ်သွားလာနိုင်၏။ သရေ ခေတ္တရာပျူမြို့ဟောင်းလည်း ပြည်မြို့နှင့် မနီး မဝေးတွင် တည်ရှိ၏။

သရေခေတ္တရာ ဒွတ္တပေါင်ဘုရင် တည် ထားခဲ့သည့် ဘုရား ပုထိုးစေတီ အများ အပြားလည်း ရှိလေ၏။ ထိုဘုရားစေတီများ ထဲတွင် အေဒီ ၆ ရာစု ပျူခေတ်တွင် တည်ထားခဲ့ သည့် ဘုရားကြီးစေတီသည် ပြည်မြို့မှ အောင် လံမြို့အထွက် ကားလမ်းဘေးတွင် တည်ရှိ၏။ ဘောဘောကြီးစေတီနှင့် တစ်ခေတ်တည်း တည်ထားခဲ့သော်လည်း အနည်းငယ် နောက်ကျ သည်ဟုဆိုလေ၏။ ဘောဘောကြီး စေတီတော် နှင့်သွင်ပြင်လက္ခဏာကွဲပြားမှုရှိ၏။ မျက်မှောက်ခေတ်စေတီတော်များ၏ ရှေ့ပြေး ပုံစံဖြစ်သည် ဟု ပညာရှင်များက ယူဆကြ လေ၏။

ဒွတ္တပေါင်မင်းကြီးတည်ထားခဲ့သော ကောင်းမှုတော်စေတီ ကိုးဆူအနက်တစ်ဆူ အပါအဝင်ဖြစ်၏။ ဘုရားရှင်၏ ဓာတ်တော် တစ်ဆူ၊ လက်ယာခြေမတော်မှဖြစ်သော ခြေ သည်းတော်ကိုထည့်သွင်းဌာပနာထားပြီးမဟာစေတီဟုဘွဲ့အမည်သမုတ်ခဲ့ကြောင်းသိရ၏။

စေတီတည် ထားစဉ်က ဖြည်းဖြည်း ဆေးဆေး တည်တော်မူသဖြင့်” ဆေးဆေး” စေတီဟု လည်းကောင်း၊ ထုထည်ကြီးမားသော ကြောင့် “မဟာစေတီ ဘုရား” ဟုခေါ်ခဲ့ကြ၏။ နောင်နှစ်ပေါင်းကြာသော် ဘုရားကြီးဟု ပြောင်းလဲခေါ်ခဲ့ကြ ပြန်၏။ ခေတ်အဆက်ဆက် မင်းနှင့် ပြည်သူတို့က ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြ၏။ ယခုအခါ ဘုရားကြီး ဂေါပက အဖွဲ့မှ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိလေ၏။ သရေခေတ္တရာ နယ်မြေများအတွင်း ရှိဘုရား ပုထိုးစေတီများအား ရှေးဟောင်း ဇုန်သတ်မှတ်ပြီး ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထိန်းသိမ်းလျက်ရှိ၏။ ထိုအတူမဟာစေတီဘုရားကြီး အား လည်း ရှေး ဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာနယ်မြေ (Ancient Monumental Zone) သတ်မှတ်ထားလေ၏။ ပျူမြို့များ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပဘုရားဖူးများ အမြဲမပြတ်လာ ရောက် ဖူးမြော်လေ့လာကြ၏။

ဘုရားကြီး၏ တစ်ချို့ နေရာများတွင် ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေမှုများ မြင်တွေ့ရလေ၏။ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ် ဘုရားပုထိုးစေတီများအား ရေရှည် တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောင့် ရှောက်ရန်လိုလေ၏။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ရာဌာနများမှလည်း တာဝန်ရှိပါ ကြောင်း တင်ပြလိုက်ရပါ၏။

နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here