၆ နှစ်ကြာပြီး သီချင်းအယ်လ်ဘမ် ထွက်ရှိခဲ့တဲ့ Jennifer Chung

0
294

Jennifer-Chung

အံ့သြလောက်စရာ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ Jennifer Chung ဟာ သူမရဲ့ မီနီအယ်လ်ဘမ် After All  ထွက်ရှိဖို့ ကြိုးပမ်းလုပ် ဆောင်နေပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ YouTube ကနေ သီချင်းတွေ စတင်သီဆိုခဲ့ပြီး ကမ္ဘာ တစ်ဝှမ်းက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံခဲ့ရပါတယ်။ ၂ဝ၁၁ မှာတော့ 4 years & counting အယ်ဘမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

“သီချင်းအများစုက ကောလိပ်တက်စဉ်တုန်းကရေးသားခဲ့တာပါ။ အချစ်နဲ့တွေ့ခဲ့ပြီး အသည်းတွေ ကွဲခဲ့ဖူးပါတယ်။ တွေ့ကြုံခဲ့ရတဲ့ ခံစားချက် တွေကို သီချင်းအဖြစ်ဖန်တီးခဲ့ပြီး အယ်လ်ဘမ်ထုတ်ဝေခဲ့ပါတယ်။ အနု ပညာလမ်း ကြောင်းကို လျှောက်လှမ်းရတာက တကယ်တော့ မလွယ် ကူပါဘူး။ ၁၇ နှစ်ကတည်းက ကိုယ်ပိုင်ရပ်တည်ခဲ့ပြီး LA မှာ အချိန်ပိုင်း လုပ်ကိုင်ပြီး ကျောင်းတက်ခဲ့ရတာပါ။ အယ်လ်ဘမ်ထွက်ရှိပြီး မကြာခင်မှာပဲ အေဂျင်စီ တစ်ခုကထွက်ခဲ့ပြီး ကိုရီးယားကို ပြန်လာခဲ့ကာ အဖေနဲ့ ပြန်တွေ့ခဲ့ပါတယ်။ အိမ်ထောင်ဖက် ကိုတော့  instagram  က တွေ့ရှိခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကာ Atlanta ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဘဝဆိုတာ သတ်မှတ်ရ ခက်ပါတယ်။ အခုတော့ သီချင်းတွေ ပြန်လည်ဖန်တီးဖို့ အသင့်ပါပဲ”လို့ ထုတ်ဖော် ပြောပြခဲ့ပြီး အယ်ဘမ်အသစ် ဖြန့်ချိဖို့အတွက် ဒေါ်လာ ၁ဝဝဝဝ သုံးခဲ့ပြီး ကူညီခဲ့တဲ့လူတွေကိုလည်း ဖုန်းနဲ့စာပို့ပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here