ခွဲမွေးရမှာ ကြောက်ပေမယ့် ဘေဘီလေးကို တွေ့ချင်တဲ့ စိတ်နဲ့ ကျော်ဖြတ်သွားမယ် မိုးယုစံ

0
365

Moe-Yu-Sanမိခင် တစ်ဦးဖြစ်တဲ့ အတွက် စိတ်ထဲမှာ ကြည်နူးမိတယ်လို့ ဆိုတဲ့ သရုပ်ဆောင်မိုးယုစံက သားဦးလေး မွေးဖွားဖို့ တစ်လပဲ လိုတော့တဲ့ အတွက် တွေ့ချင်စိတ်တွေ တအား ဖြစ်နေပြီလို့ဆိုပါတယ်။ ခွဲမွေးရမှာ ကြောက်ပေမယ့်လည်း ရင်သွေးလေး ကို မြင်တွေ့ချင်တဲ့ စိတ် နဲ့ ကျော်ဖြတ် သွားမယ်လို့ဆိုတဲ့ မိုးယုစံက

“ကလေးက ဘယ်လိုလေးလဲ ဆိုပြီး ကိုယ့်ဘာသာကိုယ် စိတ်ကူး ယဉ်မိတယ်။ တွေ့ချင်စိတ်တွေ လည်း ဖြစ်မိတယ်။ တစ်လဆိုတဲ့ အချိန် ကိုတောင် သိပ်မစောင့်ချင်တော့ဘူး။ မွေးခါနီးပြီဆိုတော့ ကိုယ့်ရဲ့ပထမ ဦးဆုံး ရင်သွေးလေးလည်း ဖြစ်တော့ စိတ်လှုပ်ရှားတယ်။ ပြီးတော့ ညီမက ဆေးရုံ ဆေးခန်းသွား လေ့သွားထ လည်း မရှိဘူး။ နေမကောင်းတာလည်း သိပ်မဖြစ်ဘူး။ အဲဒါကြောင့် အဲဒီလို ဆေး ရုံဆေးခန်းသွားရမှာ ကြောက် တဲ့စိတ်တော့ ရှိတယ်။ ခွဲစိတ်တာ လည်း တစ်ခါမှ မလုပ်ဖူးဘူး ဆိုတော့။ အဲဒီကြောက်စိတ် တစ်ခုတော့ ရှိပါတယ်။ ဘေဘီလေးကိုတွေ့ချင် တဲ့စိတ်နဲ့ပဲ ကျော်ဖြတ်ရမှာပေါ့လေ”  လို့ပြောပါတယ်။

မိုးယုစံက အိမ်ထောင်မပြုခင် ကတည်းက နှစ်ဦးသားညှိနှိုင်း တိုင် ပင်ခဲ့တဲ့အတွက် သူတို့နှစ်ဦးရဲ့ အိမ် ထောင်ရေးက တအား အဆင်ပြေပြီး အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ အရင်ကထက်ကို ပိုပြီး စိတ်ချမ်းသာ ပျော်ရွင်နေရတယ်လို့ မိုးယုစံက ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here