သရဲမိတ်ကပ်လိမ်းပြီးမျက်နှာမှာ အနာဖြစ်သွားတယ် နန်းခင်ဇေယျာ

0
182

Nan-Khin-Zayar-(2)

နန်းခင်ဇေယျာက မကြာခင် ရုံတင်ပြသတော့မယ့် ” ကြောက်..ကြောက်..ကြောက်” ရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ခင်ဝင့်ဝါ၊နန်းမြတ်ဖြိုးသင်း၊ ပိုပို စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ………..

” ဒီဇာတ်ကားက ပရိသတ် စိတ်ဝင်စားကြတဲ့ ဇာတ်ကားလည်း ဖြစ်တော့ ကိုယ်လာကြည့်တဲ့အခါ အရမ်းရင်ခုန်တယ်။ နန်းခင် သရုပ်ဆောင်တာကို ပရိသတ်ကြိုက်ပါ့မလားပေါ့နော်။ ပြီးတော့ နန်းခင် တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ သရဲကာရိုက်တာကိုလည်း ပီပြင်စွာ သရုပ် ဆောင်ရပါတယ်။ အကုန်လုံးလည်း ကြိုးစားထားကြတယ်။ အဖွဲ့သားတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားထားတဲ့အတွက် ပရိသတ်လည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အမှတ်တရကတော့ သရဲခန်း ရိုက်ဖို့ နန်းခင် မျက်နှာကို မိတ်ကပ် ထူထူလိမ်းရတယ်။ မျက်နှာမှာ အနာ တောင် ဖြစ်သွား တယ်။ ပြီးတော့ ဆံပင်က ကတုံးဆံပင်မှာ ဆံပင်တွေ တစ်မျှင်ချင်းစီ ပြန် ဖောက်ရတယ်။ မျက်လုံးကတော့ သွေးကျနေတာ ဆိုတော့ သွေးမျက်ရည် ကို ကိုနေတိုး ကိုယ်တိုင်ထည့်ပေးပါတယ်။ မိတ်ကပ်တွေ လည်း လုပ်ပေးပါ တယ်။ပြန်ကြည့်လိုက်တဲ့အခါမှာလည်း သရဲရုပ်ထွက်ကို အရမ်းကြိုက် ပါတယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ ပရိသတ်ကြိုက်မယ်လို့လည်း မျှော်လင့် ပါတယ်” လို့ပြောခဲ့ပါတယ်။” နန်းခင်ငယ်ငယ်က အမှတ်တရတွေ ရှိခဲ့ပါ တယ်။ ငယ်ငယ်က ဆံပင်မသန်ဘူး။ အဲဒီတော့ နန်းခင်ကို ကတုံးမကြာခဏ တုံးပေးရတယ်။ ကျောင်းကသူငယ်ချင်းတွေက နန်းခင်ကို ကတုံးမလို့ ခေါ်ကြပါတယ်။ အဲဒီဟာကတော့ အမှတ်တရ ဖြစ်တာပေါ့။ ငယ်ငယ် တုန်းက ဆိုရင်တော့ ကတုံးမလို့ ခေါ်ရင်အရမ်းစိတ်ဆိုးတယ်” လို့ ပြောခဲ့ပါ တယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here