နိုင်ငံတကာ နည်းပညာ နှင့် Avid

0
207

fd

အကြံအစည် စိတ်ကူးအားလုံး သည် ပထမဆုံးအကြိမ် ဖွင့်ပေးသော တံခါးချပ်နှင့် တူပေသည်။ရှာဖွေလျှင် တွေ့ရှိသည်၊ သင် ယူလျှင် ရရှိသည်ကိုတော့ မမေ့အပ် နိုင်ပါ။ ကျွန်တော်တို့ Learning Process သင်ယူမှုကို အထူးဂရုပြု သင့်ပါသည်။

ရုပ်ရှင်မှာ Digital သို့ လုံးလုံး လျားလျား ရောက်ရှိလာသည်မှာ ၂ဝ၁၂ အကုန်ကပါ။Digital  မြှုပ်နှံ မှုကာလသည် ၅ နှစ်အတွင်းသို့ ထဲထဲဝင်ဝင် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်တော်တို့ သည့်ထက်ပို၍သိ၊ ပို၍ တတ်ထားဖို့ ကြိုးစားရပါမည်။

ပြောင်းလဲလာမည့် အနာဂတ် ဈေးကွက်ကို မျက်ခြည်မပြတ်ဖို့ လိုမည်။ ကျွန်တော်တို့ လုံးလုံးမလုပ် နိုင်ဘူးဆိုပြီး ငေးမောနေပါက ကျွန်တော်တို့ကို Digital  ကမ္ဘာကြီး က ချန်လှပ်ထားခဲ့မှာ အမှန်ဖြစ် သည်။

ကျွန်တော်တို့နိုင်ငံ မဖွံ့ဖြိုးသေး တာက ရုပ်ရှင်လောက တိုးတက် ရေးကို နှောင့်နှေးစေသည်မှာ အမှန် ပင်ဖြစ်သည်။ Digital ကမ္ဘာကြီးက မြန်နှုန်းနှင့်သွားနေသဖြင့် ကျွန်တော် တို့ မီသလောက်ကို လိုက်ထားမှ ဖြစ် မည်။ သို့အတွက် ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ရှိနေပြီး လုပ်ချင် စိတ်ရှိဖို့တော့ လိုနေမည်။ နပိုလီယံ စကားနှင့် ပြောပါက အခွင့်အရေး မပေးပါက အရည်အချင်းများ အရာ မရောက်ဟု ဆိုခြင်းကလည်း မှန်နေ ပြန်သည်။ ကျွန်တော်တို့ အတွက် အခွင့်အလမ်းတွေ ရှိနေဖို့ လိုပါမည်။ ကျွန်တော်တို့ လုပ်ချင် စိတ်၊ လုပ်နိုင် စွမ်း ရှိပါသော်လည်း ငွေကြေးပံ့ပိုးမှု နည်းနေ ခြင်းကလည်း ကျွန်တော်တို့ ရုပ်ရှင်ကမ္ဘာကို အားယုတ်စေသည်။

ယနေ့ Digital  ရုပ်ရှင်တွင် အသံဖမ်းစနစ်များ တချို့ပြောင်းလဲ လာသည်။ တချို့ပုံမှန်အနေအထား မှာပင် ရှိနေသည်။ ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး ရိုက်ပြီးခါမှ အသံပါ မလာခြင်း၊ Noise များတက်နေပြီး Dialogueသံများ ပီပီသသ၊ တုံး မကွဲသောအခါ အသံပြန်သွင်းရခြင်း အလုပ်ကို သီးခြားခေါ်ယူ ပြန်လုပ် ရသဖြင့် လုပ်ငန်းကို များစွာအနှောင့် အယှက် ဖြစ်စေသည်။ ထို့ကြောင့် Noise အားနည်းရန်၊ အသံဖမ်းစဉ် ကပင် 20dB ထားပြီး နားကြားရုံ လောက်သာ ဖမ်းသင့်ပေသည်။ ဒါကို တိုးသည်ထင်ကာ ကိုယ်ကြားလောက် သည့်အတိုင်း ထားပြီးဖမ်းလျှင် Noise ဘေးသံတွေ များစွာတက် လာမည် ဖြစ်သည်။

Switcher သည် Editor  မဟုတ်ပါ။ Dramatically Rhythmic Editing ဖြစ်ဖို့ အရေး ကြီးသည်။ အယ်ဒီတာတွင် ကြီးမား သည့် စိတ်ကူးစိတ်သန်းနှင့် Sense  ရှိဖို့လိုသည်။Up to date ဖြစ်သော Software  များနှင့် ရင်းနှီးကျွမ်းဝင် စေချင်သည်။ အသံဖမ်းဆရာထံမှ ဇာတ်ကားတစ်ကားလုံး၏ အသံများ ကို (OMF) ဖြင့် ရယူစေချင်သည်။

Edit မှာ တော့  F.C.P..Final Cut Pro မှာ Software   သို့မဟုတ် Premiere Pro CC နှင့် ဆက်ကြ သည်။Video Edit ပေါ့။ နိုင်ငံ တကာမှာ သုံးနေသည့် Avid Software  အသုံးပြုနိုင်လျှင် ပို ကောင်းပါသည်။

Avid Media Composer  မှ အသုံး ပြုခြင်း
ယင်း Software မှာ US  ဒေါ်လာ ၃၅ဝဝဝ ကျော်ရှိပြီး တခြား Accessory နှင့်ဆို US ဒေါ်လာ ၅ဝဝဝဝ ကျော်မည်။ ဈေးမြင့်လွန်း၍ မနိုင်ကြသေးပေ။

ရိုက်ကူးစဉ်မှာပင် Raw လွယ် ကူသော 2K Setting ချိန်ရိုက်ကြ သည်။ 4K  ဆိုလျှင် Raw HD  များလွန်း၍ မရိုက်ကြပါ။
DCP Flat/Scope  ၂ မျိုးရှိ သည်။ မြန်မာဇာတ်ကားတွင် 16×9= Video Format ဖြစ်ပြီး ရုပ်ရှင် Scope မြင်ကွင်းကျယ် ၂.၂၃ ရှိပါသည်။ ရုပ်ရှင်အားလုံး၏ Standard က 22.3 Scope ၊ နောက်တစ်မျိုးက ၂.၃၉.၁ အတိ အကျ ရှိပါသည်။

Play Back Cinema Server  အမျိုးအစား များစွာရှိပါသည်။Sony ၊ Christie၊ Barco၊ Adobe၊ Qube က (အိန္ဒိယ) Doremi ၊ Nec  (ဂျပန်) တို့ဖြစ်ကြသည်။

ယခုအခါမှာDoolbe  ကအား သာလာပါပြီ။ 5.1၊ 7.1 ၊11.1  Atmos ထိ  Speaker 16  လုံးဖြစ် လာရာမှ ၃၆ လုံးထိ ရှိလာပါပြီ။ Jeorge Lucast ရဲ့ THX  မှာတော့  36 Channel  ရှိပါသည်။ နောက် ပိုင်း Doolbe  က 36  မက ရှိလာတော့ မှာပါ။ ရုပ်ရှင်ရုံများ၏Standard Level ကမြင့်သထက် မြင့်လာနေပါ ပြီ။ ဇာတ်ကား အရည်အသွေးများ သာ မြင့်တက်လာဖို့ လိုအပ်နေပါပြီ။

5.1  သည် One Channel  သာ ထွက်ရှိပြီး 7.1 သည်  2 Channel ထွက်ရှိသည်။ Processer  ထိန်းချုပ် မှုမြင့်တက်လာပြီး Power Am Pm Left, Right နှစ်ဖက်စလုံးမှ Surrounding  ဖြစ်စေသည်။ စပီ ကာ၏ င်္Frequency 80 ကျော်နေပါ က Mixer ပညာရှင်က Decode ပန်ခွဲရသည်။ ရုံပေါ်ရောက်ပါက Encoding ပြန်လုပ်၍ အသံများ နေရာတကျ ရောက်ရှိစေခဲ့သည်။ 7.1 ထွက်ရှိရန် မိနစ် ၂ဝ စာကို ၅ ရက်ကြာပေသည်။

Audio, 6-Channel မရှိက DCP Standard  မရှိနိုင်။ DPX ပြောင်းရန် ၆ နာရီကြာပြီး Registeration  လုပ်ရာမှာ US ဒေါ်လာ ၃၇ဝဝဝ ဖြစ်ပြီး မြန်မာ မှာက Easy Dcp.US ဒေါ်လာ ၈၇ဝ ဆိုတော့  Quality  အရမ်းကို ကွာနေပါသည်။ DCP တွင် KDM=Key Delivery Message   လုပ်ရာတွင် <password/encryption/server certificate>  များဖြင့် အသုံးပြုကြသည်။

ကျွန်တော်တို့ နိုင်ငံတကာနှင့် နည်းပညာ အရည်အသွေး အလွန် ကွာဟနေပါသည်။ 5.1 Speaker ခြောက်လုံးက အသံထွက်မှန်အောင် ကြိုးစား နေရချိန်တွင် နိုင်ငံတကာမှာ စပီကာ ၃၆ လုံးက အသံထွက်နေပါ ပြီ။ မကြာမီ ၃၆ လုံးမက ရှိလာတော့ မည်။
ကျွန်တော်တို့ များစွာ ကြိုးစား ရဦးမည်။ သို့သော် ဇွဲ လျှော့မည် မဟုတ်ပါ။

စဉ်ဆက်မပြတ် ကြိုးစားနေ သော
ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here