အခက် အခဲများနှင့် စိန်ခေါ်မှု များသည် သင်တို့၏ အရည်အချင်း များကို ထုတ်ဖော် ပြသရန် အကောင်းဆုံး အခွင့်အလမ်းများသာ ဖြစ်ကြသည်

0
197

SongOoHlaingအရပ်သား အစိုးရသစ် တက် လာပြီးနောက်၊ ဖြေရှင်း ဆောင်ရွက်နေ ရသော ပြဿနာ မျိုးစုံ တစ်ပုံ တစ်ပင်ဖြစ်သည်။ ကုန် ဈေးနှုန်း ၊ ဒေါ်လာဈေး၊ စီးပွားရေး၊ ရန်ကုန် Traffic , YBS၊ ဘာသာရေး၊ လူမျိုးရေး၊ ငြိမ်းချမ်းရေး၊ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ သဘာ ဝဘေး စသဖြင့် များပြား လှသည့် ကြားထဲအခုတစ်ခါ H1N1 ကူးစက် ရောဂါ၊ ပြည်သူအများမှာလည်း ခံရချက် မသက်သာ၊ ဆင်းရဲတွင်းက မတက် နိုင်သေး၊ မျှော်လင့်ချက်များ မှိန်ဖျော့နေဆဲ၊ ကျွန်တော်တို့ အထိနာ နေချိန်၊ သို့သော် အရှုံးတော့မပေး ချင်ပေ။ လာခဲ့ပါ လောကဓံရေ၊ သင့်ကို ကြောက်နေစရာ မရှိ၊ ကျွန် တော် ကိုယ်တိုင် ကျင့်သုံးပြီး ကျွန်တော့် ဘဝတက်လမ်း အတွက် အားမွေးခဲ့ ရသော ဆောင်ပုဒ် ကို ဝေမျှ ပေးချင် ပါသည်။ “အခက်အခဲများ၊ စိန်ခေါ်မှု များသည် သင်တို့၏ အရည်အချင်း များကို ထုတ်ဖော်ပြသ ရန်အကောင်း ဆုံးအခွင့်အလမ်းများသာဖြစ်ကြ သည်”

အစိုးရနှင့်တကွ ပြည်သူများ အားလုံးကို နှိုးဆော်ရင်း မေတ္တာပို့သ လိုက်ပါသည်။
ချစ်ခင်လေးစားရပါသော မြန်မာပြည်သူ၊ပြည်သားများ ခင်ဗျာ။
ဘေးအန္တရာယ်ခပ်သိမ်းကင်းရှင်း၍
ကျန်းမာရွှင်လန်းကြပါစေ။ရောဂါခပ် သိမ်းကင်းဝေး၍ ကျန်းမာရွှင်လန်း ကြပါစေ။ H1N1 သည် ကိုယ်ခံအား ကောင်းသူများ၊ ပုံမှန် ကိုယ်ခံအား ရှိ သူများတွင် ပြင်းထန်ခြင်း မရှိပါ။သို့သော် မည်သည့် ကူးစက်ရောဂါ မဆို ကြိုတင် ကာကွယ်ခြင်းသည်သာ ကျန်းမာရေး အတွက် အထိရောက်ဆုံး သော နည်းလမ်းဖြစ်ပါသည်။ ကျန်း မာရေး ဝန်ကြီး ဌာနမှ အခါအား လျော်စွာ ထုတ်ပြန်ချက်များ အတိုင်းအတိ အကျလိုက်နာပါ။

မပေါ့ဆကြပါနှင့်။ အကြောက် လွန်ခြင်း အစွန်းတရားကို ရှောင် ရှားပါ။ ကျန်းမာရေး သတိတို့ဖြင့် နေထိုင်ကြပါ။ သတိဟူသည် ပိုသည် မရှိ။ အခက်အခဲများနှင့် စိန်ခေါ်မှု များသည် သင်တို့၏ စွမ်းရည်နှင့် စွမ်း အားများကို ထုတ်ဖော်ပြသနိုင်ရန် အကောင်းဆုံး အခွင့်အလမ်း များသာ ဖြစ်ကြပါသည်။ ဘဝတစ်လျှောက် မလွဲမသွေ တွေ့ကြုံရမည့် တိုက်ပွဲ များ၊ စာမေးပွဲများကို ဂုဏ်ထူးမှတ်ဖြင့်
ကျော်လွှားအောင်မြင်နိုင်ကြပါစေ။

ဆောင်းဦးလှိုင်
၂၉-၇-၂ဝ၁၇


LEAVE A REPLY

Please enter your comment!
Please enter your name here