H1N1 ရောဂါ သက်သာသွားလို့ ဆေးရုံက ဆင်းရမယ့်ရက်ကို စောင့်နေတဲ့ မော်ဒယ်၊ သရုပ်ဆောင်စုလင်းရှိန်

0
170

SuLinShaneပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ H1N1 တုပ် ကွေးရောဂါ ကူးစက်ခံရသူထဲမှာ သရုပ်ဆောင် စုလင်းရှိန်လည်း ပါဝင်ပြီး ရန်ကုန် အထွေထွေကု ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ စုလင်း ရှိန်က ဇူလိုင်လ၁၃ ရက်နေ့က စတင်ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပြီး အခုအချိန်မှာ သက်သာလာပြီလို့ သိရပါတယ်။ အခုလက်ရှိ ကျန်းမာ ရေး အခြေအနေ နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ စုလင်းရှိန်က…

“အခုတော့ ဆေးရုံမှာပဲ ။ သက်သာနေပါပြီ။ စိုးရိမ်စရာလည်း မရှိတော့ ပါဘူး။ ဆေးရုံက ဘယ်တော့ ဆင်းရမလဲတော့ မသိဘူး။ ဆင်းရမယ့်ရက်ကို စောင့်နေတာပါ။ အခုအချိန် မှာတော့ ဆေးကို ဆေးပတ်လည်အောင် သောက် ပြီးတော့ အစားအသောက် မှန်မှန် စားဖို့၊ အာဟာရပြည့်အောင် စားဖို့ပဲ လိုတော့တာပါ။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ စိတ်ပူပေးတဲ့ ပရိသတ်များ ကိုလည်း ကျေးဇူး တင်ပါတယ်” လို့ ပြောပါတယ်။

အခုလို H1N1 ရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်း ကိုမေးမြန်းကြည့်တဲ့ အခါမှာလည်း စုလင်း ရှိန်က “ဘယ်လိုကြောင့်ဖြစ်သွားလဲ ဆိုတာ သေချာတော့ မသိဘူးပေါ့ နော်။ နေပြည်တော်နဲ့ ရန်ကုန်ကို သွားရင်းကဖြစ်တာပါ။ ပြီးတော့ Express ကားစီး တာလေ။ အခု ဒီရောဂါ အတွက် ကိုလည်း တအားကြီးလည်း မစိုးရိမ် ပါနဲ့။ H1N1 ဖြစ်တိုင်းလည်း တအားကြီး ဆိုးဆိုးဝါးဝါး ဖြစ်မသွားပါဘူး။ ညီမဆို လည်း အခု ပြန်သက်သာ လာတယ်ပေါ့နော်။ ရောဂါ ကူးစက်မြန်တယ် ဆိုပေမယ့် လည်း လူတိုင်းတော့ မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိအောင်၊ အာဟာရ ပြည့်ဝအောင် စားသောက် နေထိုင်ကြပါ။ အပြင်သွားမယ် ဆိုလည်း mask တပ်ပါ။ လက်ဆေးပါ” လို့ ကြိုတင် ကာကွယ်နိုင်တဲ့ နည်းလမ်းကိုလည်း အကြံပြုစကား ဆိုခဲ့ပါတယ်။သမီးဖြစ်သူ နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါက်တာ ဒေါ်စုစု ဒွေး ကလည်း…

“နေမကောင်းစဖြစ်ကတည်းက သမီးနဲ့အစ်မက အတူအိပ်တာပါ။ ဆေးရုံ ရောက်တော့မှ ခွဲအိပ်ဖြစ်တာ။ အစက ရောဂါ ပြင်း ထန်နေတော့ အကာ အကွယ်တွေတောင် မလုပ်နိုင်အားပါဘူး။ နောက်မှ H1N1 လို့ သိရတာလေ။ အဲဒီတော့မှ သူ့ ကို ပြုစု စောင့်ရှောက် သူ အားလုံး mask  သေချာတပ်လက် သေချာဆေးတာတွေ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အန်တီ အပါ အဝင် ပြုစုစောင့် ရှောက်ပေးသူ အားလုံးတစ် ယောက်မှ မကူးစက်ခံရပါဘူး။ နှာစေး ချောင်းဆိုးဖျား တာတောင်မဖြစ်ကြပါဘူး။ ဒါကြောင့် အန်တီ အနေနဲ့ပြောပြချင်တာက အရမ်း မကြောက်ပါနဲ့။ ကာကွယ်တဲ့အနေနဲ့ လူထူထူကြား တတ်နိုင် ရင်မသွားပါ နဲ့သွားရ ရင်လည်း mask တပ်ပါ။ လက်ကို မကြာမကြာ သေချာဆေးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အစားကို အာဟာရ မျှတအောင်စားပါ။ ဖျားနာရင် အိမ်မှာနားပါ။ ချောင်းအဆက်မပြတ် ဆိုးပြီး အသက်ရှုကျပ်တာ မောတာဖြစ်လာ ရင် ချက်ချင်း ဆေးရုံသွားပါလို့ အကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ DSSD


LEAVE A REPLY

Please enter your comment!
Please enter your name here