၂ဝ၁၈ ခုနှစ်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်မယ့် လိုင်လာခန်း

0
250

Lilar-Kham-(1)

‘တိုက်ဆိုင်မှုရှိလျှင်’ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပရိသတ်လက်ခံ အား ပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် လိုင်လာခန်း ဒုတိယမြောက်ပါဝင် သရုပ်ဆောင် ထားတဲ့ ‘ရာဇဝင် ရိုင်း သူများ’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း သြဂုတ်လ အတွင်းမှာ ရုံတင်ပြသလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ် ဆောင်ရတဲ့ ကာရိုက်တာက သူ့အတွက်စိန်ခေါ်မှုအများကြီးရှိပြီး အရင်ဇာတ် ကားထက် ပရိသတ်ကပိုပြီး မေတ္တာတွေပေးမယ် လို့ ယုံကြည်ကြောင်းကို လိုင်လာခန်းက …

“ပထမဇာတ်ကားတုန်းကတော့ သူများအိမ်ထောင်ရေးကို ဖြိုခွဲတဲ့မိန်းမမို့ ပရိသတ်က မုန်းပြီးအား ပေးခဲ့တယ်။ လက်ခံခဲ့တယ်။ အခုဒီ ဇာတ်ကားမှာတော့ ကိုယ့်ရဲ့အိမ် ထောင်ရေးကို ကိုယ့်အသက်ကို ပေး ပြီး ကာကွယ်စောင့်ရှောက်တဲ့ မိန်းမ၊ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်ယောက်ျားကို ပိုချစ်ရတဲ့ ကာရိုက်တာကို သရုပ်ဆောင် ထားတော့ ပရိသတ်တွေ အများကြီး လက်ခံ မယ့်၊ ပိုပြီးမေတ္တာတွေပေးမယ်လို့ ယုံကြည် ပါတယ်။ တစ်ခုရှိတာက ပထမဇာတ် ကား က ကာရိုက်တာက ကိုယ်မနှစ်သက်တဲ့ ကာ ရိုက်တာ။ ဒီကာရိုက်တာကကျတော့ ကိုယ်က ချစ်တဲ့ အမျိုးသမီး ကာရိုက်တာဖြစ်တယ်။ ကိုယ်ကလည်း အမြဲတမ်း ကိုယ့်မိ သားစု၊ ကိုယ့်တူ၊ ကိုယ့်တူမတွေကိုက အစ တအား ချစ်တတ်တယ်။ သူစိမ်းတွေအပေါ်ကို လည်း တအားမေတ္တာ ထားတတ်တယ် ဆိုတော့ သိပ်တော့ မခဲရင်းဘူးပေါ့”လို့ ပြောပြပါတယ်။

ဒီဇာတ်ကားမှာဆိုရင် မြင့်မြတ်ကို လက်အုပ်ချီပြီး တောင်းပန်ရတဲ့ အခန်းနဲ့ ပြေတီဦး နဲ့ ရန်ဖြစ်ရတဲ့ ဇာတ်ဝင်ခန်း တွေကို ပိုအားရကျေနပ်ရပြီး ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက်လည်း ပိုပြီး အောင်မြင်မယ်လို့ ယုံ ကြည်ကြောင်း လိုင်လာ ခန်းက ပြောပါတယ်။ လိုင်လာခန်းက နောက်ထပ်လည်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ ပညာပေး ရုပ် ရှင်ဇာတ်ကား တစ်ကား ထပ်မံရိုက် ကူးဖို့ရှိပြီး ကိုယ်တိုင်ကလည်း ၂ဝ၁၈ ခုနှစ်မှာ ကိုယ်ပိုင်ထုတ် လုပ်ရေး တည်ထောင်သွားဖို့ အစီအစဉ်ရှိကြောင်း သိရ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here