မြန်မာငွေကျပ် သိန်း တစ်ရာ့ခြောက်ဆယ် အကုန်အကျခံပြီး ဘန်ကောက်မှာ လိင်အင်္ဂါ ပြောင်းလဲတော့မယ့် မိတ်ကပ်ညီညီမောင် (စမ်းချောင်း )

0
309

Nyi-Nyi-Mg-11-(1)နိုင်ငံကျော် မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)က ဘန်ကောက် က Yan Hee Hospital မှာ လိင်အင်္ဂါပြောင်း လဲတော့ မှာ ဖြစ်ကြောင်း သိရပါ တယ်။ မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါရှိတဲ့ အတွက် လတ်တလောမှာ ဆေးထိုး ဆေးသောက် လုပ်ပြီး မှ ၂ဝ၁၈ခုနှစ် ၄လပိုင်းလောက်မှာ သွားရောက်ပြု လုပ်မှာ ဖြစ်ကြောင်း ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

“ဆေးထိုး ဆေးသောက်ပြီးတော့မှ ၄ လပိုင်းမှ လုပ်ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ တတ်နိုင် သမျှတော့ ကိုယ်က Sex Change တာတော့ အရမ်း အားသန်နေတယ်။ လုပ်ချင်တယ်၊ အမှန်ဆိုလာမယ့် ၈လပိုင်းမှာ လုပ်မလို့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ နှလုံးမောတာတွေ ပိုဖြစ် လာတော့ သူတို့ လုပ်ပေးပြီးမှ မကောင်းမှာလည်း စိုးတယ်။ ဒီဆေးရုံကလည်း ကိုယ့်ကိုအရမ်း ဂရုစိုက်တယ်”လို့ ပြောပါတယ်။ လိင် အင်္ဂါ ပြောင်းလဲခြင်းက အချစ်ရေး ကိစ္စကြောင့် ပြောင်းလဲ ခြင်းမဟုတ်ကြောင်း ဖွင့်ဟလာတဲ့ ညီညီမောင်(စမ်းချောင်း)က လူဖြစ်တုန်း လူ့ဘဝလေးကို ကိုယ့်မိသားစု အသိုက်အမြုံလေး နဲ့နေချင် တာကြောင့် ပြုလုပ်မှာဖြစ်ကြောင်း ပြောပါတယ်။

“အချစ်ရေးကြောင့် မဟုတ်ပါဘူး။ မေမေ့ကို ငယ်ငယ် ကလေးတည်းက အားကျလို့ပါ။ မေမေက မုဆိုးမဘဝနဲ့ ရပ်တည်ခဲ့တာ။ မုဆိုးမ တစ်ယောက် မိန်းမတစ်ယောက်ရဲ့ ခွန်အားက ကြီးမားပါတယ်။ အဲဒါကို အရမ်း သဘောကျပါ တယ်။ နောက်ပြီး ကိုယ်နဲ့ရွယ်တူ အသိမိတ်ဆွေတွေက အိမ်ထောင်ကျ၊ ကလေးတွေ ဘာတွေနဲ့ မိသားစု ဘဝတွေ တည်ဆောက်ဖြစ်နေကြပြီ။ ကိုယ့်မှာ အခုဆို Lonely ပဲ။ ကိုယ်လည်း လူဖြစ်တုန်း လူ့ဘဝလေးကို ကိုယ့်မိသားစု အသိုက်အမြုံ လေး နဲ့နေချင်တာပါ။ ဘာရည်ရွယ်ချက် မှမရှိ ပါဘူး”လို့  ပြောပါတယ်။ ဒီအသက်အရွယ် ရောက်မှ စုမိဆောင်း မိပြီး ကိုယ်ဖြစ်ချင်တဲ့ ဘဝလေးကို လုပ်ပိုင်ခွင့် ရတယ် ဆိုတဲ့ ညီညီမောင်(စမ်းချောင်)က လိင်အင်္ဂါ ပြောင်းလဲရန် အတွက် မြန်မာငွေကျပ် သိန်းတစ်ရာ့ခြောက်ဆယ် ကုန်ကျမှာ ဖြစ်ကြောင်း ပြော ပါတယ်။

 တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here