KBZ Bank က SME အတွက် ထောက်ပံ့ကြေး ဆုရရှိသူ လုပ်ငန်းရှင် ၁ဝ ဦးအား တစ်ဦးလျင် ကျပ်သိန်း ၁ဝဝ စီ ဂုဏ်ပြုဆု ချီးမြှင့်

0
111

KBZ

မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီးတော့ သေချာလှပ အနာဂတ်ဘဝ ဟောပြောပွဲကို ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီက မန္တလေးမြို့ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်ပါ တယ်။

အဆိုပါဟောပြောပွဲမှာ MBA ဘွဲ့ရလူငယ်များရဲ့ စကားဝိုင်း၊ မတင်မိုးလွင်(Talent & Model Agency) က ‘မတင်မိုးလွင်ရဲ့ Talent & Model Agency’ အကြောင်းကို ဟောပြောပြီး ဦးအောင်ဆန်းဝင်း(အောင်သမာဓိ)က UTCC MBA Graduation Ceremony  ကို တက်ရောက် ခဲ့တဲ့ အတွေ့အကြုံများအကြောင်း ရှင်းလင်းပြောကြားပါ တယ်။ အောင်မြင်ကြီးပွားရေး စကားဝိုင်းမှာတော့ စာရေး ဆရာ ညီပုလေး၊ ဦးသိန်းဝင်း(သိန်းဝင်းနှင့်ညီများ ဆံသ)၊ ဒေါ် သန်းသန်းဆွေ (Hotel Hazel))တို့က အသီးသီး ဟောပြော ဆွေးနွေးပြီး စာရေးဆရာ ကျော်ရင်မြင့်က မေးခွန်းများမေးမြန်းခဲ့ပါတယ်။ အဲဒီနောက် ဆရာ အော်ပီကျယ်က ‘အိပ်မက်ဆုံရာ’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါတယ်။

အဆိုပါပွဲ အခမ်းအနား တက်ရောက်လာတဲ့ ပရိသတ်များကို ဆိုင်ကယ်၊ TV ၊ရေခဲသေတ္တာ၊ Aircon များ ကံစမ်းမဲဖောက်ပေးခဲ့ပြီး KBZ က SME အတွက် ထောက်ပံ့ကြေးဆုရရှိသူ လုပ်ငန်းရှင် ၁ဝ ဦးကို တစ်ဦးလျင် ကျပ်သိန်း ၁ဝဝစီ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိ ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here