ပွင့်လင်းရာသီမှာ ကြည့်ရတော့မယ့် Emperor ရဲ့  ဖျော်ဖြေပွဲများ

0
270

ZawWinHtut

ဒီနှစ်ပွင့်လင်းရာသီမှာတော့ ဇော်ဝင်းထွဋ်နဲ့ Emperor ဝိုင်းက ဂီတဖျော်ဖြေပွဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ဖို့ ရှိနေပါတယ်။ Emperor အပြင် အခြား လူငယ်ဝိုင်းတွေ ဖြစ်ကြတဲ့ Idiots/ Reason  စတဲ့ အဖွဲ့တွေနဲ့  ပူးပေါင်းဖျော်ဖြေကြမယ့်ပွဲတွေလည်း ရှိပြီး အခြားလူငယ်တွေနဲ့ ပူးပေါင်းဖျော်ဖြေမယ့် ပွဲ တွေလည်း ရှိနေပါတယ်။

“ဒီအရွယ်ရောက်လာပြီ ဆိုတော့ အလကားနေ ရင်း ပွဲတွေဆိုမနေချင်တော့ဘူး။ ကိုယ်လည်း စိတ်ချမ်းသာရမယ်။ လာတဲ့ သူတွေ လည်း ပျော်မယ့်၊ အဲ့ဒီလိုအကြောင်းတိုက်ဆိုင်တဲ့ ပွဲမျိုးလေး တွေပဲ ဆိုဖြစ်တော့တယ်။ အခုနှစ် လာမယ့်သီတင်းကျွတ် ၇ ရက်နေ့မှာ တစ်ပွဲရှိမယ်။ အဲဒီပွဲကတော့Idiots/Reason နှစ်ဖွဲ့လည်းပါမယ်။အဲဒါက မျှော်စင်ကျွန်းမှာ ထင်တယ်။ ပြီးရင်တော့ တန်ဆောင်တိုင် မှာ ဝေလ(Runner) /R ဇာနည် (The trees)  တို့ နဲ့  သုံးဖွဲ့ပေါင်း တစ်ပွဲရှိတယ်။ ပြီးတော့ အဲဒီ မတိုင်ခင် ဒီကြားထဲမှာ တစ်ခုရှိနိုင်တာ RC2 က ကျောင်း သားဟောင်းတွေစုပြီး အမှတ်တရ ပွဲလုပ်ဖို့ ရှိတယ်။ ကျွန်တော် ကလည်း RC2 က ကျောင်းသား တစ်ယောက် ဖြစ်နေတော့ RC2 မှာပဲ ပျော်ပြီး ရည်းစားတွေ ဘာတွေလည်းရခဲ့တော့ ကိုယ်နဲ့အများကြီး ပတ်သက် တာပေါ့။ ကိုကိုင်ဇာ တို့  ဦးဆောင်ပြီး လုပ်နေကြတယ်။ ကိုမောင်မောင်လွင်လည်း ပါဝင်တယ်။ အဲဒီပွဲမှာ ကျွန်တော်လည်း ပါဝင်ပေးရဖို့ များတယ်။ RC2က သက်တမ်း သိပ်မရှိဘူး။ အဲဒီမှာက ပထမနှစ် ၊ဒုတိယ နှစ်နှစ်ပဲ တက်ရတာကိုး။ ၂နှစ် ပြီးရင်မိန်းထဲကို သွား ရတာကိုး။ ကျွန်တော်က အဲဒီမှာ ပထမနှစ်ကို ၂နှစ်၊ ဒုတိယနှစ်ကို ၂နှစ်စုစုပေါင်းလေးနှစ် တက်ခဲ့ရတယ်။ ဒီတော့ ကျွန်တော်လည်း ဒီပွဲမှာ ပါဝင်ဖြစ်ပါလိမ့် မယ်” လို့ ဇော်ဝင်းထွဋ်က ပြောပါ တယ်။

ဇော်ဝင်းထွဋ်က သူ့ရဲ့သီချင်းတွေထဲက ကိုယ်ပိုင် သံစဉ်သီချင်းတွေကိုလည်း လက်ရွေးစဉ်အဖြစ်နဲ့ စီးရီးများ အမှတ်တရ ထုတ်ဝေသွားဖို့ ရှိတယ်လို့ သိရ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here