မွေးနေ့မှာ စီးရီးသစ်ထွက်ရှိမယ့် အောင်လ(Reason)

0
295

ZAW_6382

Reason အဖွဲ့ရဲ့ အောင်လ က သူတို့အဖွဲ့ရဲ့စီးရီးသစ်ကို အောင်လရဲ့ မွေးလဖြစ်တဲ့ စက်တင် ဘာလ အတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ဒီစီးရီးသစ်ကိုတော့ ‘အသုံးတော်ခံ’ လို့ အမည်ပေး ထားပြီး သီချင်းများကိုလည်း ပုံစံ သစ်များနဲ့ ဖန်တီးထားတယ်လို့သိရပါတယ်။ ဒီစီးရီးမထွက်ရှိ ခင်မှာ တော့ အောင်လက Idiots အဖွဲ့နဲ့ပေါင်းပြီး Mini Album တစ်ချပ်ထွက်လာဖို့ရှိတယ်လို့လည်း သိရ ပါတယ်။

“ကျွန်တော့် စီးရီးခွေက လေးလပိုင်းလောက်က တည်းက ပြီးနေတာ။ ကြားထဲမှာအကြောင်း အမျိုး မျိုးကြောင့် မထွက်ဖြစ်သေးတာ။ ဒီတော့ ဒီကြား ထဲမှာ Idiots နဲ့ ပေါင်းပြီး မီနီအယ်လ်ဘမ် တစ် ချပ်ထုတ်မယ်။ တစ်ယောက် သုံးပုဒ်စီပါမယ်။ အဲဒီအခွေထဲမှာတော့ ကျွန်တော်တို့ရဲ့ ပုံစံ အသစ်တွေကို မြင်ရပါလိမ့်မယ်”လို့ အောင်လက ပြောပါတယ်။

အောင်လက သူတို့ Reasons အနေနဲ့ တီးဝိုင်းသား အပြောင်းအလဲဖြစ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အရင်ကထက် ပိုပြီး လုပ်ချင်တဲ့ပုံစံတွေ လုပ်လာနိုင်တယ်လို့ ပြောပါတယ်။

“အခုက ပိုလုံသွားပြီပေါ့။ ကျွန်တော် တအားလုပ်ချင်တဲ့ ပုံစံ မျိုးတွေနဲ့ အခုကွက်တိဖြစ်သွားတယ်။ ပြီးတော့ Practice ပို လုပ် ဖြစ်တယ်။  Band တစ်ခုမှာ practice က အဓိကပေါ့။FM မှာ Live တီးဖို့ ကိုတောင် Practice ကို အခါခါ လုပ် တယ်။ Music ပေါ်မှာပဲ အဓိကထားပြီး လေ့ကျင်ဖြစ်တယ်။ ပွဲ ပေါ်မှာ အားစိုက်တာထက် ဂီတအပေါ်မှာပဲ ပိုပြီးအားစိုက် ဖြစ်သွားတယ်။ အဲဒီအတွက် ပိုပြီးကျစ်လျစ်သွားတယ်” လို့ အောင်လက ပြောပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here