သင်္ဘောအရာရှိ စာမေးပွဲအတွက် အချိန်ပေး ဖြစ်နေလို့ အခွေထွက်မယ့် အချိန်ကို နောက်ဆုတ်ထားတဲ့ Ice Cold

0
213

Ice-Cold

ဟစ်ဟော့ပ်အဆိုတော် Ice Cold ရဲ့ တစ်ကိုယ် တော် စီးရီးခွေကို တော့ “ရေခဲသေတ္တာ” လို့ ယာယီ နာမည်ပေးထား ကြောင်း သိရပါတယ်။ စီးရီးခွေထွက်ရှိမယ်ဆိုပြီး မထွက်ဖြစ် သေးတဲ့အတွက်စောင့်နေကြတဲ့ ပရိသတ်တွေကို Ice Cold က “အခွေက ပထမတုန်းက ဧပြီ၊ မေ၊ ဇွန် တစ် လလမှာ ထုတ်မလို့ပါ။ ဧပြီကတော့ မထုတ်ဖြစ်ဘူး။ မေလ(သို့မဟုတ်)ဇွန်လမှာ ထုတ်မလို့ဘဲ။ ဒါပေမဲ့ ကျွန်တော်စာမေးပွဲ ဖြေရမယ့်လက အဲဒီနောက်ပိုင်း ဝင်လာ တာကတစ်ကြောင်း၊ နောက်ပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် တချို့သီချင်းတွေ မပြီးပြတ်သေးတာရယ် ကြောင့် သြဂုတ်လ၊ ဒါမှမဟုတ် စက်တင်ဘာလ၊အောက်တိုဘာလလောက်ကို ရွှေ့လိုက်ပါတယ်”လို့ပြောပါတယ်။

သူက စာမေးပွဲအတွက်ကိုလည်း အချိန်ပေးနေရသလို တစ်ဖက်က အတတ်ပညာပိုင်းမှာလည်း နှံ့စပ်ပုံရပါတယ်။ အဲဒီဘက်အပိုင်းကိုအချိန်ပေးဖြစ်နေပုံနဲ့ ဒီဘက်ကအနုပညာပိုင်းကို ဘယ်လိုတွေလုပ်သွားမလဲဆိုတဲ့ အပေါ်ကို မေးဖြစ်တဲ့အခါ…

“စာမေးပွဲကတော့ ကျွန်တော်က ဆယ်တန်းပြီးတော့ ရေကြောင်း တက္ကသိုလ်တက်တယ်။ တက်ပြီးပြန်လာတော့ သဘောင်္လိုက်တယ်။ သင်္ဘော လိုက်ပြီး သင်္ဘောနဲ့ပတ်သက်တဲ့ အရာရှိစာမေးပွဲဖြေဖို့ နောက်ဆုံး ဒီတစ်ဆင့်ပဲ လိုတော့တယ်။ ဒီတစ်ဆင့်က ဒီနှစ်ထဲမှာ မဖြေဆိုရင် ကျွန်တော်  ဖြစ် သွားပြီ။ အဲဒါဆိုရင် ကျွန်တော် ဟိုးအစကနေပြန်တက်ပြီး ပြန်ဖြေဆိုရမှာ။ အဲဒီအတွက် ဒီဟာကို အရင်ဖြတ်လိုက်တာဖြစ်ပါတယ်။ အရာရှိ စာမေးပွဲက တော့ လက်မှတ်တွေယူထားပြီး လက်မှတ်တွေ ကိုင်ထားမယ်။ အဲဒီလက်မှတ်ရ သွားတဲ့အတွက် ကျွန်တော်စိတ်ချရပြီ။ စိတ်အရမ်းအေးသွားတဲ့အတွက် အနု ပညာကို ဖိဖိစီးစီးနဲ့ စိတ်လွတ်လက်လွတ်နဲ့ နောက်ပြန်ကြည့်ရင် ငါဒီဟာကြီး မပြီးသေးဘူးဆိုတာ မရှိတော့ဘဲနဲ့ လွတ်လွတ်လပ်လပ် လုပ်လို့ရသွားပြီ။ အဲဒါ ကြောင့်မို့လို့ အဲဒီဟာကိုပြန်ဖြေဆိုလိုက်တာပါ”လို့ Ice Cold က ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here