(၄)နှစ် အကြာမှ ဇာတ်မင်းသား ဝင်းနောင် ပြန်လည် ကပြဖြစ်တဲ့ ကလပ်အက

0
260

win-naung-2မင်းသား ဝင်းနောင် က သူ မကပြဖြစ်တာ ၄ နှစ်ကြာ ပြီဖြစ်တဲ့ ကလပ် အကကို အခုနှစ် ဇာတ်သဘင် ရာသီက စလို့ ပြန်လည် ကပြနေ ပြီဖြစ်ပါတယ်။ ဒီကလပ် အကကို ပြန်လည် ကပြ ဖြစ်တဲ့အခါ တချို့တွေ ကလည်း သူ့ အသက်အရွယ်ကြောင့် မက ဖို့ပြောကြပြီး တချို့ ကျတော့လည်း အရင်က မြင်နေကျ အကကို မမြင်ရပြန်တော့ ခိုတာလား ဆိုပြီး တွေးနေကြမှာ စိုးတာကြောင့် အခုနှစ်မှာ ပြန်လည် ကပြဖြစ်တာ ဖြစ်ကြောင်း ကိုဝင်းနောင်က ပြောပါတယ်။

“ဒါကြောင့်လည်း ဒီနှစ်မှာ ထူးထူးခြားခြားလေး ဖြစ်အောင် ကမယ်ပေါ့။ ပြီးတော့ ဒီနှစ်က ကျွန်တော့်ရဲ့ ငွေရတု (၂၅) နှစ်ပြည့်တဲ့ အမှတ် တရ လည်း ဖြစ်တာကြောင့်ပေါ့။ အဓိကတော့ ကျွန်တော့် အနေနဲ့ အလုပ်လုပ်ချင် တဲ့ စိတ်ရယ်၊ ပရိသတ် တွေအပေါ်ထား တဲ့ စိတ်စေတနာ ရယ်ကြောင့် ကျွန်တော် ကနိုင်ခဲ့တယ်။ စတိတ်ခုံပေါ် မဟုတ်ဘဲ တခြား တစ်နေရာမှာ ပြန် ကခိုင်းကြည့် ကျွန် တော် ပြန် ကနိုင်မယ် မထင်ဘူး” လို့ ကို ဝင်းနောင်က ပြောပါတယ်။ ဒီကလပ် အက ကရှေးယခင် ကတည်းက ပေါ်ပေါက်ခဲ့တဲ့ အကပဲဖြစ်ပြီး မင်းသား ကြီး အုန်းမှုတ်စိန် ကလည်း ကပြခဲ့သလို မန္တလေးက လူရွှင် တော်ကြီး ဦးဒီပါကလည်း ကပြခဲ့ပါသေးတယ်လို့ သိရပါ တယ်။ အဲဒီနောက် မှာတော့ မင်းသားကြီး ဦးအုန်းမှုတ်စိန် ရဲ့ သားတပည့် မော်လမြိုင် ဦးဝင်းတင်က ကပြခဲ့ကာ သူ့ထံမှ တစ်ဆင့် မင်းသား ဝင်းနောင် ကသင်ယူ လေ့လာခဲ့ကာ မင်းသားဘဝမှာ တောက်လျှောက် ကပြဖြစ်ခဲ့ပါတယ်။ အဲဒီလို တောက်လျှောက် ကပြ ဖြစ်ရင်း ကနေ ၄ နှစ် လောက်ဒီအကကို မကပြ ဖြစ်ဘဲ အခုနှစ် ဇာတ်သဘင် ရာသီမှ ပြန်လည် ကပြဖြစ်တာ ဖြစ်ပါတယ်။

“အခု ပြန်ကတော့ မဖြစ်နိုင်လောက်တော့ဘူး ထင်တာဗျ။ ရပါ့ဦးမလား လို့ပေါ့လေ။ ဒါပေမဲ့ အဆင်ပြေ ခဲ့ပါတယ်။ ပရိသတ်တွေ ကလည်း တအား အားပေးတော့ ကျွန်တော်လည်း ကြိုးစားရ ကျိုးနပ်တာပေါ့။ တချို့က ကျွန်တော် အသက် ကြီးပြီ၊ အလုပ် မ လုပ်နိုင်တော့ ဘူး လို့ ထင်ကြတယ်။ အဲဒီအတွက် ကျွန်တော် လုပ်နိုင်တယ် ဆိုတာကို ပြခဲ့ တာပါ။ အသက်နဲ့ မဆိုင်ဘူးဗျ။ စိတ်နဲ့ပဲ ဆိုင် တယ်။ ပရိသတ်တွေက ချစ်တဲ့စိတ်ကြောင့် စိတ်က ဆောင်သွားတာပေါ့” လို့ ကိုဝင်းနောင် ကပြောပါတယ်။ ကလပ်အက ကိုတော့ နောက်ပိုင်းမှာ တောက်လျှောက် ကပြသွားတော့ မှာဖြစ်ပြီး ကလပ် အကအပြင် သူငယ်စဉ် က ကပြခဲ့တဲ့ အကတွေ ကို လည်း ပြန်လည် ကပြသွားမယ် လို့ ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here