အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ ကိုယ့်အပေါ်မှာ မူတည်တယ် ဘုဏ်းသိုက်

0
160

Bhone-Thike

အခုလတ်တလောမှာတော့ သရုပ်ဆောင်ဘုဏ်းသိုက်က ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘တစ်ခါက ရန်ကုန်မြို့ပြ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ မင်းရာဇာ၊ စွမ်းဇာနည်၊ ညီထွဋ်ခေါင် တို့အပြင် အခြားအနုပညာရှင်များစွာနဲ့ အတူပါဝင်သရုပ်ဆောင်ရိုက်ကူးဖြစ်နေကြောင်း သိရပါတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာအလုပ် ၂ခုစလုံးမှာ ပျော်ရွှင်နေတဲ့ ဘုဏ်းသိုက်က ………

“သရုပ်ဆောင်နဲ့ ဒါရိုက်တာ ကွာခြားတာတော့ မရှိပါဘူး။ ကျွန်တော်ဝါသနာပါလို့လားမသိဘူး။ ဒီအလုပ် ၂ခုစလုံးမှာ ပျော်တယ်++လို့ သရုပ်ဆောင်ဘုဏ်းသိုက်က ပြောပါတယ်။

ဘုဏ်းသိုက်ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတဲ့ ‘ဇာတ်လမ်း’ဇာတ်ကားကြီးမှာ ဇင်ဝိုင်း၊ သူထူးစံ၊ မို့မို့မြင့်အောင်တို့နဲ့ ရိုက်ကူးထားပါတယ်။ အဆိုပါဇာတ်ကားအကြောင်းကို ဘုဏ်းသိုက်က…….

“လူတိုင်းမှာ ဇာတ်လမ်းရှိတယ်။ ရုပ်ရှင်တွေထဲမှာမှ ဇာတ်လမ်းရှိတာ မဟုတ်ဘူး။ လူတစ်ယောက်ချင်းစီမှကိုယ့်ဘဝရဲ့ဇာတ်လမ်းတစ်ပုဒ် စီရှိကြတယ်။ တချို့ ဇာတ်လမ်းတွေက ပြန်ပြောချင်တယ်။ မပြော ချင်တဲ့ ဇာတ်လမ်းလည်း ရှိချင်ရှိမယ်။ အဲဒီဇာတ် ကားက တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထား ပါတယ်”လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

ကိုယ်တိုင်လည်း အိမ်ထောင်သည်ဖြစ်တဲ့ သရုပ်ဆောင်ဘုဏ်းသိုက်က အိမ်ထောင် တစ်ခု တည်မြဲဖို့အတွက် ကိုယ့်စိတ်ပေါ်မှာပဲ မူတည်ကြောင်း အခုလိုပဲ ဆိုခဲ့ပါတယ်။

“အိမ်ထောင်တစ်ခု မတည်မြဲတာ ကတော့ အနုပညာရှင်ရယ်၊ အပြင်လူ ရယ်တော့ မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲ က လောကဓံကလည်း အပြင်က လူတွေ့ရဲ့ လောကဓံနဲ့ အတူတူပါပဲ။ အကောင်း၊ အဆိုးကတော့ အတူ တူပဲ။ အိမ်ထောင်တစ်ခု တည်မြဲ ဖို့အတွက် ကိုယ့် အပေါ်မှာပဲ မူတည် ပါတယ်”လို့ ပြောခဲ့ ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here