မုံရွာလူရွှင်တော် ပရဟိတအသင်း တည်ထောင်ရန် ပထမအကြိမ် သက်ကြီး ဇာတ်မင်း သားများနှင့် လူရွှင်တော်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

0
265

dddd

မုံရွာမြို့မှအသက် ၆၀နှစ်နှင့်အထက် သက်ကြီး ဇာတ်မင်းသားကြီး များနှင့် လူရွှင်တော်ကြီး ၂၅ဦး ကိုစာရေးဆရာ လူရွှင်တော် ဦးချစ်စရာ သစ်လွင်အငြိမ့်မှ လူရွှင်တော် မောင်သာလောင်နှင့် အဖွဲ့က ကမကထပြု၍ စစ်ကိုင်းတိုင်းဒေသကြီး သဘင် အစည်းအရုံး မုံရွာမြို့နယ် ဇာတ်ပွဲ အငြိမ့်နှင့် ဆိုင်းအဖွဲ့များမှ လူရွှင်တော်များ ပူးပေါင်း၍ ပထမဦးဆုံး အကြိမ် သက်ကြီး ပူဇော်ပွဲကို သြဂုတ်လ ၄ရက် နံနက်ပိုင်း ကမုံရွာမြို့ ဘုန်းစိုးရပ်ဘုန်းစိုး ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ သည်။

ddddddd
“အခု အကန်တော့ခံရတဲ့ ဇာတ်မင်းသားကြီးတွေ လူရွှင်တော်ကြီးတွေဟာ လူချင်းတွေ့ခွင့် မရပေမယ့်ကောင်းသတင်း စကားတွေ ကြားခွင့် ရနေတဲ့လေးစား ချစ်ခင်ရတဲ့ သူတွေပါ။ သူတို့ အားလုံးဟာ ချန်ပီယံ လက်ဟောင်းကြီးတွေပါ။ အကြိမ်များစွာ လှုဒါန်း ကန်တော့နိုင်အောင် ကြိုးစားပေးကြပါ။ ကန်တော့ပွဲကရတဲ့ ပီတိကအကန်တော့ခံ သူတွေရင်ထဲ တစ်သက်လုံးကို မကုန်တော့တာ ပရဟိတပါ။ ကိုယ်လှုလိုက်တာ ကိုအလှုခံတဲ့ သူကပီတိဖြစ်သွားတာဟာ ပရဟိတပါ။ တစ်နိုင် တစ်ပိုင် ကွန်ရက်လေး လုပ်ပြီး ချိတ်ဆက်လို့ သက်ကြီးတွေကို ကူညီစောင့်ရှောက်ကြပါ။ ဘဒွေးပြောချင်တာ က လူဟာ အသက်၆၀ကျော် လာရင် မိန်းမထက် လွမ်းတာဟာ သူငယ်ချင်း အပေါင်းအသင်းပါ။ အဲဒီတော့ လူငယ်လူရွှင်တော်တွေ အနေ နဲ့သက်ကြီး လူရွှင်တော် ဇာတ်မင်းသားကြီးတွေ ကိုနွေးနွေးထွေးထွေး ဆက်ဆံကြပါ။´´ဟုကန်တော့ပွဲ ဦးဆောင်ကျင်းပသူ စာရေးဆရာ လူရွှင်တော် ဦးချစ်စရာ ကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here