Antonio Guterres အား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်

0
347

14570490_1135765596503847_1678370889185539931_n

နယူးယောက်၊ အောက်တိုဘာ ၁၃
ယနေ့ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံသည် Antonio Guterres အား လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏နေရာအား ဆက်ခံမည့် ၉ ယောက် မြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။ အသက် ၆၇ နှစ်အရွယ်ရှိ Antonio Guterresသည် ပေါ်တူဂီဝန်ကြီးချုပ်တစ်ဦး အဖြစ် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးအဖြစ်လည်း ၂၀၀၅ ခုနှစ်၊ ဇွန်လမှ ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ၄င်းသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် ကမ္ဘာ့ထိပ်တန်းသံတမန်တစ်ဦး ဖြစ် လာမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ ၃၁ ရက်နေ့ အထိ (၅)နှစ်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ် ခန့်အပ်ခြင်းအတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုကျေးဇူးတင်ရှိကြောင်းနှင့် ယုံကြည်စွာ တာဝန်ပေးအပ်ခြင်း အတွက် အဖွဲ့ဝင် နိုင်ငံများကိုလည်းကျေးဇူး တင်ရှိကြောင်း Mr. Antonio Guterres ကပြောဆိုခဲ့သည်။ အားနည်းသူ ပြည်သူများခံစားနေရသည့် ဒုက္ခများလျော့ပါးစေရေး၊ အထူးသဖြင့် ပဋိပက္ခဇုန်ရှိ ပြည်သူများ၊ ဒုက္ခသည်များအရေး၊ ကျား/မ တန်းတူညီမျှရေး စသည် တို့ သည် တာဝန်ထမ်းဆောင်မည့် သက်တမ်းကာလ အတွင်း ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းပြောဆိုခဲ့သည်။ လက်ရှိတာဝန် ထမ်းဆောင် နေသည့် Mr. Ban Ki-moon ဆောင်ရွက်ချက် များကိုလည်း ချီးကျူးပြော ဆိုခဲ့ပြီး ၄င်း၏အမွေကို အကောင်းဆုံးကြိုးစား ဆက်ခံ သွားမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
Mr. Antonio Guterresသည် ခန်းမထဲရှိ ကျွန်တော်တို့ အားလုံးသိပြီးသား ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီအကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်က လူသားချင်း စာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လက်နက်ကိုင် ပဋိပက္ခ၏ ရှေ့တန်းမျက်နှာ စာရှိ ကိစ္စရပ်များကို အကောင်းဆုံးဆောင်ရွက်ပေး ခဲ့သူ ဖြစ်ကြောင်း”လည်းMr. Ban Ki-moon က ချီးမွမ်းပြောဆိုခဲ့သည်။
Ref: www.un.org


LEAVE A REPLY

Please enter your comment!
Please enter your name here