လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့စိတ်ကို မွေးထားတယ် အလှမယ် ဇွန်သံစဉ်

0
249

Zun-Than-Zin-(1)အလှမယ် ဇွန်သံစဉ် သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe 2017  ပြိုင်ပွဲဟာလည်း တရွေ့ရွေ့ နီးကပ်လာပြီ ဖြစ် ပါတယ်။ ဒါကြောင့် ဇွန်သံစဉ် အနေနဲ့ ဇာတ်ကား ရိုက်ကူးမှုတွေထက် ပြိုင်ပွဲ အတွက် လိုအပ်တာတွေကို အဓိကထား ပြင်ဆင်နေတယ်လို့ သိရပါ တယ်။ National Costume အတွက်ကိုလည်း မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အခြေခံပြီး ဝတ်စုံကို ဖန်တီးသွားမယ် လို့ဆိုတဲ့ ဇွန်သံစဉ်ကို ပြိုင်ပွဲအတွက် လက်ရှိ အဓိကထား ပြင်ဆင်နေမှုတွေ အကြောင်း မေးမြန်းတော့ …

“ညီမက ပြိုင်ပွဲအတွက် ဗဟုသုတပိုင်း၊ ဘာသာ စကားပိုင်း တွေကို အခု သေသေချာချာလေး ပြင်ဆင်နေပါတယ်။ Talent Show  ပါခဲ့ရင် လည်း အဆင်သင့်ဖြစ်အောင် ကြိုတင် ပြင်ဆင်ထားပါတယ်။ ခန္ဓာကိုယ်ပိုင်း ကိုတော့ ရှိနေတဲ့ ခန္ဓာကိုယ်ကို ပိုကျစ်လျစ် သွားအောင် ကစားပေးနေတယ်။ Trainer နဲ့ Body Building အတွက် သေချာ ကစားတယ်။ ညီမက အသားဖြူတဲ့ အတွက် အညို ဆင်တွေ လိုတော့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခုထက်ပိုပြီး အလှဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ပြိုင်ပွဲအတွက် လည်းOfficial Swim Suit Photo Shooting လည်း ရိုက်ပြီးပြီ။ ညီမက Swim Suit Shooting  တော့ အများကြီး မရိုက်ဖြစ်ဘူး။ Swim Suit  ဝတ်တဲ့အခါမှာ Confident  ရှိတယ်။ ပြိုင်ပွဲတွေ ပြိုင်ဖူးတော့ ရှက်တာတွေ ဘာတွေ မရှိတော့ဘူး။  နောက် ထပ်လည်း အလှဆုံးဖြစ် အောင် ကြိုးစားနေ တယ်။ ပြိုင်ပွဲမတိုင်ခင် တစ်လအလိုမှာလည်း ထပ်ရိုက်သွားမှာပါ” လို့ အလှမယ် ဇွန်သံစဉ်က ဆိုပါတယ်။

အလှမယ် ဇွန်သံစဉ်ကတော့ Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ပဉ္စမမြောက် ဝင်ရောက် ယှဉ်ပြိုင်မယ့်  ပြိုင်ပွဲ ဝင် အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဇွန်သံစဉ် အနေနဲ့လည်း ဒီလိုယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတွေ အပေါ်မှာ သူ့ရဲ့ စိတ်ဓာတ်ပြင်ဆင်မှုတွေ ကတော့ …

“ညီမအရင် ကလည်း ပြိုင်ပွဲတွေ ပြိုင်ခဲ့ဖူးတယ်။ အတွေ့အကြုံ သစ်တွေလည်း ရတယ်။ ဒီလောကထဲ စဝင်လာကတည်းက ညီမစိတ်ကို ဆုံးဖြတ်ထားပြီးသားပါ။ ဝေဖန် တိုက်ခိုက်မှု တွေလည်း ခံနိုင်ရမယ်။ အနုပညာရှင်ဖြစ်တဲ့ အတွက်လည်း ဝေဖန်တိုက်ခိုက်မှု ကတော့ အနည်းနဲ့ အများ ကြုံရမှာပါပဲ။ ဒါကြောင့် ဘယ်အရာကို မဆို လွယ်လွယ်နဲ့ အရှုံး မပေးတတ်တဲ့ စိတ်ကို မွေးထားပါတယ်။ ညီမလည်း ဇွဲကြီးကြီးနဲ့ ကြိုးစားသွားပါမယ်” လို့ ဇွန်သံစဉ်က ပြောပြပါတယ်။

ဇွန်သံစဉ် အနေနဲ့လည်း အလှမယ်တစ်ဦး အပြင် နောက်ထပ် အနုပညာ ဖန်တီးမှုတွေ မှာလည်း  ရှေ့ဆက်ပြီး ပရိသတ်တွေ အားရအောင် ကြိုးစားနိုင်တဲ့ အနုပညာ ရှင်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ သူမ ပထမဆုံးပါဝင်ထားတဲ့ “ရတနာပုံ” ဇာတ်လမ်းတွဲကို ပရိသတ်တွေ အားပေးတဲ့ အတွက်လည်း ရှေ့ဆက်ဖို့ အတွက် ခွန်အား တွေရှိလာပါတယ်လို့ ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here