အဆိုတော်ခိုင်ထူးရဲ့ ကျန်းမာရေး အခြေအနေ

0
212

Khaing-Htoo-2အဆိုတော် ခိုင်ထူးက ဇူလိုင် လ ၃၁ ရက်နေ့ညမှာ အသည်း ရောဂါကြောင့် အရေးပေါ်ဆေး ကုသမှု ခံယူခဲ့ရပြီး လတ်တလော မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှု ခံယူနေတယ်လို့ သိရပါ တယ်။ လက်ရှိ အချိန်မှာတော့ ပြန် လည်သက်သာလာပြီ ဖြစ်ပေမယ့် စောင့်ကြည့် ကုသမှု ခံယူနေရ ဆဲဖြစ် ကာ အနုပညာ အသိုင်းအဝိုင်းမှ မိတ်ဆွေများမှလည်း ကူညီပေးနေ တယ်လို့ သိရပါတယ်။ သြဂုတ်လ၂ ရက်နေ့မှာတော့ မေခလာက ဆေးရုံ မှာ ကုသမှု ခံယူနေရတဲ့ အဆိုတော် ခိုင်ထူးဆီကို သွားရောက်ဖြစ်ခဲ့ ပါတယ်။ ဒီအကြောင်း ကိုတော့ သူက…

“အစ်ကိုရင်းကဲ့သို့ ချစ်ခင်တဲ့ ကိုခိုင်ထူးဆီကို သွား ရောက် အားပေးခဲ့တယ်။ အစ်ကို့နားမှာ မေတ္တာပို့၊ ဆု တောင်း၊ သစ္စာပြုပေးခဲ့တယ်။ ကိုခိုင်ထူး ချစ်ငယ်ဆု တောင်းပေးနေတာကို အာရုံပြုပြီး အမှတ်နဲ့နေပေးနေ တယ်။ အစ်ကိုက စိတ်မှန်သလို၊ ပြတ်သားပြီး စကားပြော တာ မချွဲနွဲ့ပေမယ့် သူတော်ကောင်းစိတ်ထား အပြည့်ရှိသူ ပါ။ ညီမ အစ်ကို့အတွက် သစ္စာပြုခဲ့ပါတယ်။ အမြန်ဆုံး ကျန်းမာပါစေ” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here