ခင်လှိုင်နဲ့ ဒိန်းဒေါင် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား အကြောင်း

0
259

Khin-Hlaing-+-Dain-Daungအခုနောက်ပိုင်းမှာ ဒါရိုက်တာ အနေနဲ့ပါ မြင်တွေ့လာတဲ့ ဒိန်းဒေါင်က လာမယ့်ဒီဇင်ဘာလမှာ ခင်လှိုင် နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို ဒါရိုက်တာအနေနဲ့ ပုံဖော် ရိုက်ကူးဖို့ ရှိကြောင်းပြောပါတယ်။ အဆိုပါ ဇာတ်ကားကို အခုကတည်းက ကြိုတင် ပြင်ဆင်နေပြီး ဇာတ်လမ်းက သူကိုယ်တိုင် ရေးထားတဲ့ ဇာတ်ကို ရိုက်ကူးမှာ ဖြစ်ကြောင်း ဒိန်းဒေါင်က ပြောပါတယ်။

“ဇာတ်လမ်းက ကျွန်တော့်ဇာတ် လမ်းလေးပါ။ ထုတ်လုပ်ရေးက တခြား ထုတ်လုပ်ရေးပါ။ ဇာတ်ပုံစံက အောင်မြင်ကျော်ကြားပြီးတော့ ဘဝမေ့တတ်တဲ့ အနုပညာရှင်တွေ ဘယ်လိုဘဝမျိုး ရောက်တတ်လဲ၊ ဘယ်လိုဖြစ်တတ်လဲ ဆိုတာ မီးမောင်းထိုးပြတဲ့ ဇာတ်ပဲ။ တခြား  ခြားသော ဇာတ်လမ်းတွေနဲ့မတူပါဘူး။ သရုပ်ဆောင် ကျတော့ ကျွန်တော်ရယ်၊ ကိုခင်လှိုင်ရယ်၊ တခြားလူရွှင်တော်တွေ အများကြီးပါမယ်။ အခုလောလောဆယ် ဇာတ်ညွှန်းကရပြီ။ ပရိုဂျူဆာကလည်း ကိုခင်လှိုင်သဘောပဲ။ ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်မယ်။ အခုကတည်းက စီစဉ်နေပါတယ်”လို့ ပြောပါ တယ်။

အခု လောလောဆယ် မှာတော့ ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကား ကြီး ၂ကားကို ပုံဖော် ရိုက်ကူးထားပြီး ပရိသတ် အားပေးမှုလည်း ရရှိခဲ့တဲ့ ဒိန်းဒေါင်က ဒါရိုက်တာအလုပ်ကို ဝါသနာ တော်တော်ကြီးကြောင်း ပြောပါတယ်။

“ကျွန်တော်ဒါရိုက်တာ အလုပ်ကို ဝါသနာ တော်တော်ကြီးပါတယ်။ ငတ်လို့လုပ်စား တာလည်း မဟုတ်ဘူး။ တတ်လို့ လုပ်စားတာလည်း မဟုတ်ဘူး။ ဝါသနာ အလျောက်နဲ့ သူများကို မြေတောင်မြှောက် ပေးချင်တဲ့စိတ်နဲ့ ပုံဖော်ချင်တဲ့ စိတ်ကြောင့်ပါ။ ဝါသနာ အရမ်းပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here