အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပမယ့် Man of the Year 2017 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ Mung Aung

0
248

mmm

Man Of The Year Myanmar 2017  Mung Aung က အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ ကျင်းပမယ့် Man Of The Year Myanmar 2017  ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ အတွက် သူကြိုတင် ပြင်ဆင်လေ့လာ ထားရှိမှုများအကြောင်းကို Man Of The Year Myanmar 2017  Mung Aungပထမဆုံးအနေနဲ့ ကိုယ်ယှဉ်ပြိုင်မယ့်ပွဲစဉ်က ဘယ်Title ဆိုတာ အရင်ဆုံးလေ့လာ တယ်။ ပြီးလို့ရှိရင် ရှေ့က Winner တွေရဲ့ အင်တာဗျူးတွေ၊ သူတို့ရဲ့ Activity တွေ၊ သူတို့ရဲ့ တွေကို သေချာလေ့လာထားပါတယ်။ ပြီးတော့ကျွန်တော် ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက် အ ကောင်းဆုံးကြိုးစားထားတယ်။ပြိုင်ပွဲအတွက် လိုအပ်မယ်ဆိုတဲ့ အရာ တိုင်းကိုတော့ ကျွန်တော် ကြိုးစားပြီး အားလုံး လေ့လာထားပါတယ်။ ပြိုင်ပွဲမှာဆိုလည်း General Knowledge ပိုင်း Interview ပိုင်း တွေမှာ ကိုယ့်ကိုယ်ကိုယ်အဆင်ပြေလိမ့်မယ်၊ အားသာလိမ့်မယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲရက် နီးနေပြီဆိုပေမယ့်လည်း လေ့လာစရာရှိတာတွေ ထပ် ပြီးလေ့လာသွားရဦးမှာပါ” လို့ ပြော ပြပါတယ်။

“မျှော်လင့်ချက်ကတော့ အကောင်းဆုံးမျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ ဂုဏ်မငယ် ရအောင်လည်းကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ဘုရားသခင် အခွင့်ပေးသလောက် ပေါ့နော်။ ဒါ့အပြင် ပရိသတ်တွေရဲ့ အားပေးမှု မပါရင်လည်း ကျွန်တော့်ရဲ့ ကြိုးစားမှုတွေက အရာ မရောက်ဘူးပေါ့နော်။အဲဒီအတွက် ဒီပြိုင်ပွဲမှာက Internet Voting လည်း ပါမှာဖြစ်တဲ့ အတွက်ကြောင့် Mung Aung ဆိုတဲ့ နာမည် တစ်ခုကို အားပေးတာမဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားပြိုင်တဲ့ မြန်မာလူမျိုးကို ချစ်ခင်အားပေးတဲ့အနေနဲ့ အားပေးကြ စေချင်တယ်။ ကျွန်တော်ကလည်းအကောင်းဆုံးကြိုးစားပါ့မယ်” လို့ ပြောပါတယ်။ ဒီပြိုင်ပွဲမှာ National Custom အတွက်က ဒီဇိုင်နာ အပွတ် ဖန်တီးပေးတဲ့ ကချင်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here