Miss Global Myanmar 2017 ခုနှစ်အတွက် အလှမယ်များခေါ်ယူ

0
253

miss

Miss Global Myanmar 2017 အလှမယ် ခေါ်ယူခြင်း စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လ ၂၆ ရက်နေ့က Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အသက် ၁၈ နှစ်မှ ၂၈ နှစ်အတွင်း၊ အိမ်ထောင် မရှိသူ၊ အရပ်အနည်းဆုံး ၅ ပေ ၅ လက်မနဲ့အထက်၊ English စကား ကောင်းမွန်စွာ ပြောဆိုနိုင်သူတို့ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ အလှမယ် ခေါ်ယူခြင်း နဲ့ ပတ်သက်ပြီး Miss Global Myanmar Organization မှ CEO Phone Myat Thu  က “မြန်မာနိုင်ငံရဲ့ အလှအပကို တခြားနိုင်ငံ တွေသိဖို့အတွက် ဒီလိုပွဲ တွေလုပ်ပြီး အလှမယ် တွေ ခေါ်ယူ ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့အနေ နဲ့ ဒီနှစ်မှာမှ Miss Global Myanmar Organization အဖြစ် အစလုပ်ဖြစ်တယ်။ ပြိုင်ပွဲဝင်တွေအတွက် လျှောက်လွှာများကို အခ မဲ့ ထုတ်ယူနိုင်ပါတယ်။ Online ကနေ လည်း လျှောက်လို့ရပါတယ်”လို့ ပြောပါတယ်။

Miss Global Myanmar ပြိုင်ပွဲဝင်များအနေနဲ့ လျှောက်လွှာများကို သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁ဝ ရက် နေ့ထိလျှောက်ထားလို့ရပြီး ဆုကြေးငွေများ အနေနဲ့ Winner ကျပ်သိန်း ၃ဝ၊ 1st runner up  ကျပ်သိန်း ၂ဝ၊ 2nd runner up ကျပ်သိန်း ၁ဝ ရရှိမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှ Winner ရရှိသူက နိုဝင်ဘာလ ၁၇ ရက်နေ့ ကမ္ဘောဒီး ယားနိုင်ငံမှာကျင်းပမယ့် Miss Global Myanmar 2017 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here