တစ်နှစ်ခွဲနီးပါး ဂီတလှုပ်ရှားမှုတွေ ငြိမ်သက်နေခဲ့တဲ့ L လွန်းဝါ ဘာ တွေလုပ် ဖြစ် နေလဲ

0
290

L-Lwin-War

Lလွန်းဝါက ဂီတနဲ့ပတ်သက်ပြီး တစ်နှစ်ခွဲလောက်အထိ လှုပ်ရှားမှု တွေငြိမ်သက်နေခဲ့ပါ တယ်။ ဒီလိုငြိမ်သက်ခဲ့ရခြင်းကလည်း စိတ်ညစ် စရာ ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

“အပြင်ဖျော်ဖြေပွဲတွေမှာမဆိုသေးဘဲနဲ့ ဘာသာရေးအဖွဲ့တွေနဲ့ လိုက်ပြီး ကိုယ့်ဘဝကိုယ် ဘယ်လို မျိုး ပြန်ပြီးတည်ဆောက်နေလဲဆို တာမျိုးတွေကို ဘာသာရေးအသိုင်း အဝိုင်းတွေမှာ ကိုယ့်အကြောင်း လေးတွေနည်းနည်း ပြောပြရင်း Share လုပ်ပေးဖြစ်တယ်။ ပြီး တော့ ဘုရားသီချင်းခွေထဲက သီချင်း တွေဆိုပြပေါ့။ အဲဒီလိုမျိုးတွေ လုပ်ပေးဖြစ်နေတယ်။အမှန်က တော့ သူများကို ပြန်အားပေးရင်းနဲ့ ကိုယ့်ကိုယ် ကိုယ်လည်း ပြန်အားပေးတဲ့သဘောပေါ့”လို့ လက်ရှိမှာလုပ် ဖြစ်နေတဲ့အကြောင်းအရာတွေကို Lလွန်းဝါက ပြောပြပါတယ်။ ဒါ့အပြင်သူ့အနေနဲ့ စီစဉ်နေဆဲ ဖြစ်တဲ့’အလိုတော်အတိုင်းပြီးပြည့်စုံသောဘဝ’ လို့ အမည်ပေးထားတဲ့ ဘုရားသီချင်းခွေကို ဒီနှစ်ထဲ မှာထွက် ရှိနိုင်ဖို့စီစဉ်နေပါတယ်။ “သီချင်းကတော့ ၁၄ပုဒ်လောက်ပါတယ်။ သီချင်းတွေပုံစံက လူ့ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ရေးထားတာများပါတယ်။ မိသားစုနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေပါမယ်။ ပြီးတော့ လူငယ်တွေကို အားပေးထားတဲ့ သီချင်းမျိုးတွေပါမယ်။ လူလူချင်း အကြင်နာတရားနဲ့ မေတ္တာတရားတွေ ဘယ်လို ထားသင့်လဲဆိုတာမျိုးတွေပါမယ်။ သီချင်းလေး တွေက ဒဿနပုံစံမျိုးလေးတွေပါ”လို့ အခွေနဲ့ ပတ်သက်ပြီး Lလွန်းဝါက ပြောပါတယ်။

Lလွန်းဝါက အချစ်သီချင်း ခွေတစ်ခွေလည်း စီစဉ်လျက်ရှိနေပြန်ပါတယ်။ အခုလတ်တလောမှာ အချစ်သီချင်းတွေ သိပ်မဆိုချင်သေးတဲ့ Lလွန်းဝါ က သြဂုတ်လ ၃ရက်နေ့ မှာ ဘာသာရေးအဖွဲ့နဲ့ အမေရိကကို ၁လကြာခရီးထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here