သရုပ်ဆောင်ဘက်ကို အားစိုက် လုပ်ဆောင်သွားမယ့် အေးချမ်းမိုး

0
197

Aye-Chan-Moeဆရာဝန်တစ်ဦးဖြစ်တဲ့ အေးချမ်းမိုးက သရုပ်ဆောင်တစ်ယောက် ဖြစ် သလို အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။ သူ့အနေနဲ့ အစီအစဉ် တင်ဆက်သူတစ်ဦး ဖြစ်လာခဲ့တာနဲ့ ပတ်သက်ပြီး…

“အစီစဉ်တင်ဆက်သူ ဖြစ်လာတာကတော့ ညီမ တီချယ်တင်မိုးလွင်ရဲ့Talent & Model Agencyပ မှာ သင်တန်းတက်ခဲ့တယ်။ အဲဒီကနေ တစ်ဆင့် Model Show တွေ လျှောက်တယ်။Miss ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့တယ်။ နောက်ပြီး ကိုယ်က ဘယ်သွားရ မှန်းမသိ ဝေဝါးဝါးဖြစ်နေတဲ့အချိန်မှာ တီချယ်မိုးက ပြောတယ်ပေါ့နော်။ အစီစဉ်တင်ဆက်သူတွေ နည်းနည်းရှား နေပြီ။ သူကိုယ်တိုင်ကလည်း သူ့တပည့်အနေနဲ့ မွေးထုတ်ပေးချင်တယ်။ ညီမကလည်း တီချယ်မိုးရဲ့ လမ်းညွှန်မှုနဲ့ ကြိုးစားခဲ့တယ်။ နောက်ပိုင်းကျတော့ ဒီအလုပ်က ကိုယ်သဘောကျတဲ့ အလုပ်တစ်ခု ဖြစ်လာတယ်။ အဲဒါကြောင့် နောက်ပိုင်းကျရင် ဒီအစီအစဉ် တင်ဆက်သူ အလုပ်ကို လုပ်ဖြစ်မှာ ဖြစ်သလို သရုပ်ဆောင်ဘက်ကိုလည်း သွားဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။

သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ပြီးတဲ့ သူမက ဆရာဝန်အလုပ်တစ်ဖက်နဲ့ သရုပ်ဆောင် အလုပ်တွေ လျော့နည်းခဲ့ပေမယ့် အခုနောက်ပိုင်း သရုပ်ဆောင်အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

“ညီမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အနုပညာစွမ်းရည် မပြည့်ဝ သေးပါဘူး။ အများကြီး ကြိုးစားရဦးမှာပါ။ အရင်က ဇာတ်လမ်းတိုလေးတွေ ပါဝင် သရုပ်ဆောင် ရိုက်ကူးဖူးတယ်။ MTV တွေလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးဖူးတယ်။ ရုပ်ရှင်အနေနဲ့တော့ ‘ရုံးပတီသီး လေးများ’ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရိုက်ကူးဖူးပါတယ်။ နောက်ထပ် သရုပ်ဆောင်ဖို့ ကမ်း လှမ်းတာတွေရှိတယ်။

ညီမက ဆေးရုံဆင်းနေရတဲ့ အချိန် ဆိုတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်ပိုင်း ရုပ်ရှင်တွေ ကမ်းလှမ်းလာရင်တော့ ညီမကြိုး စားကြည့်ချင်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင် အလုပ်ကိုလည်း အားစိုက်လုပ်ကိုင် ဖြစ်မှာပါ။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစား သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here