ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ကူးရင်း အလှူတွေလည်း ပြုလုပ်ခဲ့တဲ့ အေးဝတ်ရည်သောင်း

0
122

Aye-Witt-yi-Thaungသရုပ်ဆောင် အေးဝတ်ရည်သောင်းက “မင်္ဂလာရှိသောအရပ်” ဇာတ်လမ်းတွဲကို ပြင်ဦးလွင်မြို့မှာ ရိုက် ကူးလျက် ရှိပါတယ်။ ဒီဇာတ်လမ်းတွဲ မှာတော့ အေးဝတ်ရည်သောင်း က နယ်မြို့လေးက ကျောင်းဆရာမ တစ်ဦးအဖြစ် ပါဝင်ထားပြီး စကားထစ်တဲ့ ကာရိုက်တာ နဲ့ ပတ်သက်လို့ ဝေဖန်မှုလေးတွေလည်း ရှိခဲ့ပါတယ်။ “ဒီဇာတ်ညွှန်းထဲမှာက စကား ထစ်တယ်ဆိုပြီး မပါပါဘူး။ အဲဒီအချိန် က အစ်မတို့ စဉ်းစားမိတာက စကားထစ် လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားကြတယ်။ ကာရိုက်တာ အနေနဲ့က ဆရာမပုံစံ စာသင်  တယ်။ ဒီလိုချည်းပဲဆို ပျင်းဖို့ ကောင်းတယ်လေ။ ထစ်တယ်လို့ ထည့်လိုက်တာကလည်း စာသင်ရင် ထစ်တာမျိုး မဟုတ်ဘဲ စိတ်လှုပ်ရှားတဲ့ အချိန်၊ မင်းသား နဲ့တွေ့တဲ့အချိန်ပဲ ဖြစ်ဖြစ်၊ စကားထစ်တာလေး ယူမလား ဆိုပြီး စဉ်းစားတဲ့ အချိန်မှာ အစ်မ က ဖြေလိုက်တဲ့ အချိန်ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ပညာ ရေးနဲ့ပတ်သက်ပြီး ပြော တာလေးတွေရှိတယ်။ တကယ်ကတော့ အစ်မတို့ ကာရိုက်တာ သေချာ မရွေးရဘဲ ပြောကြတာ ဆိုတော့  Script ထဲမှာ ဒီလိုချည်း မပါပါဘူး။ ပြောပြကြတာ တွေက အမှန်ဘက် ကဖြစ်လို့ အစ်မတို့သိ ရတယ်။ အခုကာရိုက်တာလေး ကတော့ ကျေးလက်ကို တအားချစ် တဲ့ပုံစံ။ “ချစ်”နဲ့ “ရှစ်”နဲ့ မကွဲတဲ့ပုံစံလေး။ ပျဉ်းမနား ဘက်က ပုံစံလေးသွားမယ်လို့လည်း စဉ်းစား ထားကြတယ်”လို့ ဆိုပါတယ်။

အေးဝတ်ရည်သောင်းက ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ကူးရင်းလည်း ပရဟိတကျောင်း လေးတွေမှာ အလှူ အတန်းတွေ ပြု လုပ်ခဲ့ပါသေးတယ်။ အေးဝတ်ရည်သောင်းက နောက် ထပ်လည်း ရိုက်ကူးဖို့ ရုပ်ရှင်ဇာတ်ကား ၂ကား၊ ဗီဒီယိုဇာတ်ကား ၁ ကား လက်ခံထားပြီး ကြော်ငြာတွေလည်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here