အောက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ချန်ပီယံ နေစန်းလင်း Mister of Myanmar 2017 ဝင်ရောက်ယှဉ်ပြိုင်

0
186

n

Mister of Myanmar 2017  ပြိုင်ပွဲကြီးအတွက် တိုင်းဒေသ ကြီးအလိုက် ကိုယ်စားပြု အလှမောင်ရွေးချယ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး East Region ကိုယ်စားပြုအနေနဲ့တော့ နေစန်းလင်းက ရွေးချယ်ခြင်းခံရပါတယ်။ ပြိုင်ပွဲအတွေ့အကြုံ မရှိသေးပေမယ့် Mister တစ်ယောက်စာအတွက် လိုအပ်တဲ့ ဗဟုသုတ၊ ခန္ဓာကိုယ်ပိုင်း၊ Talent အ ပိုင်းတွေကအစအစစအရာရာကို ကြိုတင်ပြင်ဆင်ထားတယ်လို့ နေစန်း လင်းက ဆိုပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေကတော့ …………….

“ကျွန်တော်က ပွဲ အတွေ့အကြုံမရှိသေးတဲ့အတွက်တော့ ကြိုတင်ပြင်ဆင်မှုတွေကို ကြိုးကြိုးစားစားလုပ်နေတယ်။ Knowledge ပိုင်း အတွက်လည်း စာတွေဖတ်တယ်။ အတွေ့အကြုံမရှိသေးတဲ့ လူတစ်ယောက်အတွက်တော့ တာဝန်ကြီးတာကြောင့် ဝတ်ကျေတမ်းကျေ မလုပ်ချင်ဘူး။Body  ပိုင်းအတွက်လည်း ကြပ်ကြပ်မတ်မတ် Gym ကစားတယ်။ အရင်ကလည်း အောက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ အလှမောင်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် Body ပိုင်းကိုတော့ သိပ်စိတ်မပူပါဘူး။ အစား အသောက်ကိုပဲ သတိထား ပါတယ်။ Presentation အပိုင်းတွေလည်း ပြင်ဆင်နေပါပြီ”လို့ နေစန်းလင်းက ပြောပြပါတယ်။
Mister Of Myanmar 2017 Grand Final  ပြိုင်ပွဲကြီးကတော့ သြဂုတ်လ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်ကိုယ်စားပြု အလှမောင် ၂၈ဦး ဝင်ရောက်မယ်လို့ သိရပါတယ်။ ဒီအထဲက အလှမောင် ၄ ယောက်ကို ရွေးချယ် ပြီး နိုင်ငံတကာ ပြိုင်ပွဲ များ မှာ မြန်မာ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ကြရမှာပါ။ Grand Final ပွဲ အတွက်လည်း နေစန်းလင်း ပြင်ဆင်ထားတဲ့ Talent နဲ့ National Costume တွေအကြောင်း မေးမြန်း တော့………….

Talent အတွက်တော့ ဝူရှူးလှံနဲ့ကစားပြဖို့ စီစဉ်ထားပါတယ်။ ငယ်ငယ်ကတည်းကလည်း သိုင်းသင်ထားတယ်။ တုတ်သိုင်းလည်း ကစား တတ်တယ်။ လှံဆိုတော့ လှံစွပ်ကလေးပဲ ကွာသွားတာကြောင့်ပါ။ ဒါက ကိုယ်နဲ့လည်း သိပ်မစိမ်းတဲ့အတွက်ပါ။ Youtube က ဗီဒီယိုလေးတွေ ကြည့်ပြီးလည်း လေ့ကျင့်နေပါတယ်။ National Costume အတွက်တော့ ဒီဇိုင်နာနဲ့ တိုင်ပင်နေကြတုန်းပဲ။ ပုံမှန်နဲ့လည်း ကွဲပြား ချင်တယ်။ စစ်သူကြီး ပုံစံတောက်တောက် ပြောင်ပြောင်မျိုးတွေကို လည်း စဉ်းစားထားတာမျိုး ရှိပါတယ်” လို့ နေစန်းလင်း က ပြောပါ တယ်။ နေစန်းလင်း အတွက် ပထမဆုံးအတွေ့အကြုံ ဖြစ်တာကြောင့် ဆုအတွက် သိပ်မမျှော်လင့်ရဲ ဘူးလို့ ဆိုပါ တယ်။ နောက်ပိုင်းမှာလည်း Fitness Model တစ်ယောက်အနေနဲ့ ရပ်တည် သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here