လွတ်လပ် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတဲ့ သက်မွန်မြင့် မိသားစုရဲ့ ဥရောပခရီး

0
213

ThetMonMyintအကယ်ဒမီ သက်မွန်မြင့်ဟာ ဥရောပ ခရီးကို ခင်ပွန်းကိုစစ်နိုင်၊ သား  အားချစ် တို့နှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့က စတင်သွားခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ နှစ်ပတ်တာ ခရီးစဉ် အတွင်း ဇူလိုင်လ ၂၃ ရက်နေ့ သူမ မွေးနေ့ ကိုပါ ကြည်နူးစွာ ဖြတ်သန်းခဲ့သည်။

သမီးလေး “လဝန်းမေ” ကိုတော့ ခရီးဝေး၍ ပင်ပန်းမည်စိုးသည်ကြောင့် ရန်ကုန်တွင်ပင် ထားခဲ့ရသည်။ ခရီးစဉ်တစ်လျှောက် “အားချစ်” ၏ အပျော်များကို မိဘနှစ်ပါး ထိတွေ့ခံစားရင်း “လဝန်းမေ” အတွက် အလွမ်း များ ကိုပါ ပူးတွဲခံစားရသည့် မေတ္တာအားပြိုင်မှုများကို ကြုံဆုံခဲ့ကြရသည်။

ဥရောပ၏ အနုပညာမြောက်စွာ ဆွဲဆောင်ကြသည့် မြို့များအနက် “မီလန်” မြို့တွင် အပျော်ဆုံးဟု သူမက ဆိုသည်။ ညအထိ မမှောင်သော “အမ်စတာဒမ်” မြို့၊ တိုက်တွေကြားက လမ်းကျဉ်းလေးများဖြင့် လှပနေသည့် “ဗင်းနစ်” မြို့တို့တွင်လည်း လွတ်လပ်ပျော်ရွှင်မှုတို့ဖြင့် ဖြတ်သန်းခဲ့ရသဖြင့် ယခုနှစ် မွေးနေ့အတွက် ဥရောပခရီးသည် အမှတ်တရဖြစ်ခဲ့ရသည်ဟု သူမက ဆိုသည်။ အဆိုပါ ဥရောပ ခရီးစဉ်က သက်မွန်မြင့် အတွက် ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်က မွေးနေ့ အမှတ်တရ အနေဖြင့် ပို့ဆောင်ပေးခဲ့သည့် ခရီးစဉ်ဖြစ်ပြီး ယခုခရီးစဉ်မှာ ပျော်ရွှင်ခဲ့ ရသဖြင့် ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်ကို ကျေးဇူးတင်ကြောင်း သက်မွန်မြင့် ကပြောသည်။ ဥရောပခရီးမှ ပြန်ရောက်လာသော သက်မွန်မြင့်ကုငခု သြထငညါ ပြန်ကစားနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here