Miss Universe Myanmar 2018 ပြိုင်ပွဲကို စက်တင်ဘာလတွင် ကျင်းပသွားမည်

0
175

ZAW_4699၆ ကြိမ်မြောက် Miss Universe Myanmar 2018  ပြိုင်ပွဲ ကိုတော့ စက်တင်ဘာ ၃ဝ ရက်နေ့မှာ Gandamar Grand Ballroomမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ဝင် အလှမယ် ၃ဝဦးနဲ့ ပံ့ပိုး ကူညီ ပေးသော ကုမ္ပဏီများအား စာနယ် ဇင်းမီဒီယာများနဲ့ မိတ်ဆက်ပွဲအခမ်း အနားကို သြဂုတ်လ ၄ရက်နေ့ နေ့လယ် ၁နာရီက Gandamar Grand Ballroom မှာ ပြုလုပ်ခဲ့ ပါတယ်။

အခုနှစ်မှာတော့ မြို့ကြီး ၃၂ မြို့မှာ အကြိုပြိုင်ပွဲများ ပြုလုပ်ဖို့ လျာထားခဲ့ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မုံရွာနဲ့ ရန်ကုန် (အရှေ့ပိုင်းခရိုင်) တို့က ပါဝင်နိုင် ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ ကြောင့် ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၃ဝ ဦးက ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ် ပါတယ်။ အခုနှစ်မှာတော့ ထူးခြားတဲ့ အစီအစဉ်အနေနဲ့ ဘားအံမြို့၊ မြဝတီ မြို့၊ သထုံမြို့ ဆိတ်ကျွန်းကျေးရွာ အပါအဝင် ကျောက်တံခါးမြို့နယ် ကျန့်ချောင်း ကျေးရွာတို့မှာ လူမှုရေး လုပ်ငန်းများကို သြဂုတ်လ ၇ ရက်မှ ၁၁ရက်နေ့အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ Talent Show ပြုလုပ် သွားမှာဖြစ်ပြီး ရရှိ တဲ့ အလှူငွေများနဲ့ လက်မှတ်ရောင်း ချငွေများကို ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ အတွက် ပြန်လည် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ အပြင် ပြိုင်ပွဲဝင်များရဲ့ ဒေသထွက် အမှတ်တရ လက်ဆောင်များကို သြဂုတ်လ အတွင်း Miss Universe Myanmar website မှာ လေလံ တင်ရောင်းချ သွားမှာဖြစ်ပြီး သြဂုတ် လ ၂၅ရက် နေ့ပြုလုပ်မယ့် အမျိုး သား ဝတ်စုံပြိုင်ပွဲမှာတော့ လေလံ တင်ဝယ်ယူနိုင်သည့် အနိုင် ရရှိသူကို ပေးအပ်သွားမယ်လို့ သိရပါတယ်။ အမှတ်တရ လက်ဆောင်များ၊ လေ လံတင်ရောင်းချရတဲ့ ငွေများနဲ့ အမျိုး သားဝတ်စုံ ပြိုင်ပွဲလက်မှတ် ရောင်းချ ရတဲ့ငွေ များကို မြန်မာနိုင်ငံ ကြက် ခြေနီအသင်းချုပ်နဲ့ မယ်စကြဝဠာ မြန်မာအဖွဲ့ကနေ ဆောက်လုပ် လှူဒါန်းမယ့် Vocational Training Center အတွက်လည်း မတည် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရ ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here