အမှိုက်ကောက်နေတဲ့ မိသားစု လူတန်းစားတစ်ခုရဲ့ ဇာတ်လမ်းအဖြစ်အပျက်ကို ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား

0
180

pizza

ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ် လုပ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်မယ့် ‘ပီဇာ’ရုပ်ရှင်ဇာတ်ကား ကန်တော့ပေးပွဲကို သြဂုတ်လ ၁ရက်နေ့ မနက်က ရွှေတိဂုံဘုရား အောင်မြေမှာ ပြု လုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ထွန်း ထွန်း၊စည်ဖြိုး၊ရွှေသမီး၊ သွန်းဆက်၊ မေပန်းချီ တို့က အဓိကပါဝင် သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ‘ပီဇာ’ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ……

“ဒီဇာတ်ကားက အမှိုက်ကောက်နေတဲ့ မိသားစု လူတန်းစားတစ်ခုရဲ့ ဇာတ်လမ်း အဖြစ်အပျက်ကို ရိုက်ကူးမှာပါ။ လိုကေးရှင်း ကလည်း တကယ့်အမှိုက်ပုံမှာ သွားရောက် ရိုက်ကူးမှာပါ။ ထွန်းထွန်းဆိုရင် အမှိုက် ကောက်မယ်၊ မေပန်းချီဆိုရင် အမှိုက်ဝယ်ဒိုင်၊ သွန်းဆက်ဆိုရင် ကလေး၂ယောက်အမေ အဝတ်လျော်သည်။ ရွှေသမီးကတော့ သတင်းထောက်မလေး အဖြစ်သရုပ်ဆောင် မယ်။ တကယ့်ကို သဘာဝဆန်ဆန် ဇာတ်ရုပ် တွေကို မြင်တွေ့ကြရမှာပါ။ ပြီးတော့ ဒီကာ ရိုက်တာအားလုံးကို ဒီသရုပ်ဆောင်တွေ အကုန်လုံးက မလုပ်ဖူးကြသေးဘူး။ ဒါက ထူးခြားမှုပေါ့”လို့ ပြောပါတယ်။ ဒီရှပ်ရှင် ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရတဲ့ ထွန်းထွန်းကလည်း သူ့ရဲ့ကာရိုက် တာပိုင်းကို အခုလို ပြောပြပါတယ်။” ဒီဇာတ်ကားရဲ့ ကာရိုက် တာကလည်း ‘ပွဲခံမယ်’ဇာတ်ကားလိုပဲ ထူးခြားမှုရှိတဲ့ဇာတ် ကောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်သွားရမှာမို့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။အစွမ်းကုန်လည်းကြိုးစား သွားပါ့မယ်”လို့ ထွန်းထွန်းက ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here