Marry နှင့် Kalay Website အသစ်များမိတ်ဆက်

1
219

Merry-and-Kalay

” Endless Love ” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်တဲ့ Marry နဲ့ Kalay ဝဘ်ဆိုက်များရဲ့ မိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီက နိုဘိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Marry ဝဘ်ဆိုက်မှာတော့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲနဲ့ လက်ထပ်ပြီးခါစ အကြင်လင်မယားတို့အတွက် အသုံးဝင်တဲ့ အကြံဥာဏ်တွေနဲ့ အချက်အလက် တွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာဖြစ်ပြီး  Kalay ဝဘ်ဆိုက်မှာတော့ ကိုယ်ဝန်ဆောင်သည် မိခင်များအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန် အချက်အလက်များနဲ့ ဗဟုသုတများကို ဖော်ပြသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ Ringier  ကုမ္ပဏီနဲ့ ပူးပေါင်းတင်ဆက်ဖို့ စဉ်းစားကြတော့ လိုအပ်ချက်တစ်ခုကို သွားမြင်တယ်။ အဲဒါက တော့ Marry ဆိုတဲ့ ဝဘ်ဆိုက်ပါ။ ဒါကတော့ အိမ်ထောင်ပြုဖို့ဆဲဆဲ သတို့သား၊ သတို့သမီးတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဒီတော့မှ အချစ်ရေးအချစ်ရာ၊ နှလုံးသားရေးရာနဲ့ ပတ် သက်တဲ့ Relationship Advice တွေကို ဖတ်လို့ရမှာပါ။ Wedding Planning အတွက်လည်း ဒီဝဘ်ဆိုက်ထဲမှာ ဝင်ကြည့်လို့ရပါတယ်။ အိမ် ထောင်ပြုပြီးသူတွေ အတွက်လည်း  Parenting အတွက် အထောက် အကူပြု တဲ့ Kalay  ဝဘ်ဆိုက်ကိုပါ  နဲ့ပေါင်းပြီး တင်ဆက်သွားမှာပါ”လို့ Information Matrix  ကုမ္ပဏီရဲ့Chief Executive Office ဦးသောင်းစုငြိမ်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးလည်း Marry Myanmar  နဲKalay  တို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာများမှာ  ‘Endless Love’ ခေါင်းစဉ်နဲ့ဓာတ်ပုံပိုင်ပွဲအတွက် ဆုရရှိ သူများကို ဆုချီးမြှင့်ပေးခဲ့ပြီး တစ်ဆက်တည်းမှာပဲ ‘Getting in touch with Online’  ခေါင်းစဉ်နဲ့ Online Marketing ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ကျွမ်းကျင်လုပ်ငန်းရှင်များနဲ့အတူ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ -ဇော်ဝင်းအောင်


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here