ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေ မြင်တွေ့ နိုင်အောင် ပြပွဲပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်

0
237

Han-Zar-Lay

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေ ရရှိ ထားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ ဟန်ဇာမိုးဝင်းရဲ့ ငယ်စဉ် ကဝါသနာကို ပရိသတ်တွေသိချင်ကြမှာပါ။ ဒီ ဝါသနာ ကတော့ ကင်မရာမန်းတစ်ဦးအနေနဲ့ လောကရဲ့အလှ အပတွေကို ဓာတ်ပုံတွေ ရိုက်ကူးချင်တာပဲဖြစ်ပါတယ်။ သူ့ အနေနဲ့ငယ်စဉ်က ပန်းချီသင်တန်းကျောင်းကိုလည်း တတ်ရောက်ခဲ့ဖြစ်သေးတယ်လို့ သိရပါတယ်။ ကင်မရာ မန်းအနေနဲ့ ကတော့ သူရောက်ရှိတဲ့ နေရာဒေသတွေရဲ့ အလှအပတွေကို ရိုက်ကူးနေလျက်ရှိပါတယ်။ ဒီလိုမျိုး ဓာတ်ပုံတွေနဲ့ပန်းချီတွေကိုစိတ်ဝင်စားခဲ့တာကတော့ သူ့ ရဲ့ Idolသူ နှစ်ယောက်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။

“သူတို့နှစ်ယောက်က ကိုလွင်မိုးနဲ့ ကိုသားကြီးပါ။ ကိုလွင်မိုးက ခရီးသွားခြင်းနဲ့ ဓါတ်ပုံရိုက်ကူးခြင်းကို ဝါ သနာပါတယ်။ ကိုသားကြီးဆိုလည်း ပန်းချီဆွဲတာ ဝါသနာပါတယ်။ အဲဒီလိုမင်းသား ကြီးတွေမှာ သူတို့ရဲ့ တခြားသော ဝါသနာပါတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်လည်း ကျွန်တော့် ဝါသနာကို ပြန်ကြည့်တဲ့ အခါမှာ စာအုပ်ဖတ်ရတာကို ကြိုက်တယ်၊ ဓာတ်ပုံရိုက်ရ တာကိုကြိုက်တယ်။ ခရီးသွားနေရတဲ့ လူတစ်ယောက်ဖြစ် နေတော့ ကိုယ်မြင်ခဲ့တာတွေကို သူများတွေကိုလည်း မြင်စေချင်တယ်။အဲဒီလိုဆိုရင် ဓါတ်ပုံရိုက်ရမယ်ဆိုပြီး ဓာတ်ပုံနဲ့ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ လက် လှမ်းမီ သလောက် လေ့လာတယ်။ သင်တန်းတွေ လည်း တက်မှာပါ” လို့ သူ့ရဲ့ဝါသနာကို ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

သူ့အနေနဲ့ ဓာတ်ပုံပညာရည် ပြည့်ဝပြီးတဲ့နောက်ပိုင်းမှာတော့ ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ လည်း ဝါသနာပါရာကို လုပ် သွားဖို့ရှိကာ သူရိုက်ကူးတဲ့ ဓာတ် ပုံတွေကို စုပြီး ပရိသတ်တွေ မြင်တွေ့ရစေဖို့ ပြပွဲပြုလုပ်သွား ဖို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။ပြပွဲဆိုတာက ရောင်း စားဖို့အ တွက် လုပ်တဲ့ပြပွဲမျိုးမဟုတ်ဘဲ အမှတ် တရအတွက်ပဲ သီးသန့် ပြချင်တဲ့ပြပွဲမျိုးပဲ လုပ်မှာဖြစ်ကြောင်း ဟန်ဇာမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here