သရုပ်ဆောင်သစ် မိုးယသော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကား

0
267

mmm

သရုပ်ဆောင်သစ် မိုးယသော် က ‘ည’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မိုးယသော်က ခေတ်ဆန်ဆန် ကောင်မလေး တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ သူမအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ဒီဇာတ်ကားအပေါ်မှာအားရကျေနပ်မှုရှိလား ဆိုတဲ့မေးခွန်းကို မိုးယသော်က……..

“အပြည့်အဝ ကျေနပ်အားရ မိပါတယ်။ ရိုက်ကူးနေစဉ်မှာလည်း အပြည့်အဝ ကျေနပ်မှု ရှိပါတယ်။တချို့ ဇာတ်ဝင်ခန်းတွေအတွက်လည်း ပရိတ်သတ်ဝေဖန်မှာတို့၊ ဘာတို့ကို မစိုးရိမ်ခဲ့ပါဘူး။ညီမ အနေနဲ့ ဒီသရုပ်ဆောင် အနုပညာအပေါ် ရူးသွပ်မှုကို ချပြရတဲ့အတွက် စိုးရိမ်မှုမရှိပါဘူး” လို့ မိုးယသော်က ပြောပါတယ်။

မိုးယသော်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘ည’ ဇာတ်ကား အပေါ်မှာ သရုပ်ဆောင် တစ်ဦး အနေနဲ့ ဖြစ်သလို ဒီဇာတ်ကားရဲ့ ပရိတ်သတ်တစ်ဦးလည်း ဖြစ်တယ် လို့  ပြောပါတယ်။

“ညီမဒီဇာတ်ကားကို ကြည့်တဲ့အခါ ပရိသတ်တစ်ယောက်အနေနဲ့ အလွန် ပဲသဘောကျမိပါတယ်။ ညီမတို့  အနုပညာမောင်နှမတွေ စုစည်းပြီး ကြိုးစားထားတာဖြစ်တဲ့အတွက် အားရကျေနပ်မှုရှိပါတယ်။ ဒီဇာတ် ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပါပဲ။ အခက်အခဲ အနေနဲ့ကတော့ မရှိပါဘူး။ ဒါရိုက်တာကလည်း ဒါမရိုက်ကူးခင်မှာ တစ်နှစ်ကြိုပြီး လေ့ကျင့်ပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ ဒီဇာတ် ကားက ညီမဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဇာတ်ကား တစ်ကားပါ” လို့  မိုးယသော်က ပြောပါတယ်။မိုးယသော်က လက်ရှိမှာတော့ ကြော်ငြာရိုက်ကူးမှု၊ ဓာတ်ပုံရိုက် ကူးမှုတွေလည်း လက်ခံထားပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်လောကထဲမှာ သရုပ် ဆောင်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ပြောပါ တယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here