ဒါရိုက်တာအနေနဲ့ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးဦးမယ့် ဟိန်းဝေယံ

0
326

Heain-Wai-Yan

ဟိန်းဝေယံက ဒါရိုက်တာ ရာဇဝင်ကိုရိုက်ကူးတဲ့ ‘ချစ်တီးမကြီးများ’ ရုပ်ရှင်ဇာတ် ကားကြီးကို ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသုနှင့် အခြားအနုပညာရှင်များစွာနဲ့အတူ ပုပ္ပါးမှာ သွားရောက်ရိုက်ကူး ခဲ့ပါတယ်။ ဒီဇာတ်ကားက ဟာသဇာတ်ကားဖြစ်ပါတယ်။ အရမ်းဆင်းရဲပြီး ဘေထုပ်ရောင်းတဲ့သူ တစ်ယောက်အဖြစ် ဟိန်းဝေယံက ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။

ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ‘မာယာကကြိုး’ ရုပ်ရှင် ဇာတ် ကားကြီးက အခုအချိန်မှာ edit ဆက်တာပြီးစီးသလောက်တော့ ရှိနေပြီး ဇေရဲထက်ရဲ့အသံအတွက် Post Recording သွင်းသွားမှာဖြစ်ကြောင်း ဟိန်းဝေယံ က ပြောပါတယ်။

“အခု edit ဆက်နေပါတယ်။ နောက်တစ်ခုက ဇေရဲထက်အတွက် တစ် ကားလုံးကို Post Recording ပြန်သွင်းရမှာ။ Post Recording ဆိုတာက ဇေရဲထက်က အဲဒီဇာတ်ကားမှာ အခြောက် မဟုတ် ဘူး။ မိန်းမဘဝကို ခံယူထားတဲ့သူတစ် ယောက်ဆိုတော့ သူ့ကာရိုက်တာက မိန်းမလျာ ကာရိုက်တာမဟုတ်ဘူး။ တကယ့် မိန်းမစစ်စစ် ကာရိုက်တာ။ အဲဒါကြောင့် အသံက အစပြောင်း မှရမှာ။ အသံကိုလည်း တခြား actor တစ်ယောက် ဖြစ် ဖြစ်၊ အသံပညာရှင် တစ်ယောက်ယောက်နဲ့ ဇေရဲထက်အသံကို Post Recording ပြန် လုပ်မယ်။ edit ကပြီးသလောက်တော့ ရှိနေပြီးရုံတင်ပြသဖို့က၂ဝ၁၉ ခုနှစ် လောက်မှဖြစ်မယ် ထင်တယ်”လို့ ပြောပါတယ်။ နောက်ထပ်လည်း ဒါရိုက်တာ အနေနဲ့ ရိုက်ကူးဖို့ ဇာတ်ကားတွေ ရှိနေသေး ကြောင်း ပြောတဲ့ ဟိန်းဝေယံက လတ်တလောမှာ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ‘မျည်ရည်နဲ့ ဆော့တဲ့ဂိမ်း’ ဗီဒီယိုဇာတ် ကား လေးကို စိုးပြည့်သဇင်၊ ဖူးပွင့်သခင်တို့နဲ့ အတူ ရိုက်ကူး နေကြောင်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here