စစ်ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒုတိယအကြိမ်ဒုတိယနှစ်ပတ်လညအစည်းအဝေး (၂ဝ၁၇)ကို မုံရွာမြို့တွင် ကျင်းပ်

0
230

Hlaing-Oo-Maw-4

စစ်ကိုင်းတိုင်း ဒေသကြီးမြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒုတိယအကြိမ် ဒုတိယနှစ်ပတ်လည် အစည်းအဝေး (၂ဝ၁၇)ကို ဇူလိုင်လ ၃ဝရက်နေ့က မုံရွာမြို့ စစ်ကိုင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးတွင် ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍၂ပိုင်း ခွဲ ကျင်းပသည်။
သဘာပတိအဖွဲ့နှင့် အတူကော်မ ရှင်အဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသ ကြီး မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဝင်ဟောင်းများ နုတ်ထွက်ကာ အဖွဲ့ဝင်အသစ် များကို ရွေးချယ် တင်မြှောက်ရာ ယခင်အတွင်းရေးမှူး လုပ်သူ ဒေါ်ယဉ်ယဉ်သိန်းကိုဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြကြောင်းသိရသည်။ မုံရွာမြို့တွင်ပြုလုပ်သော သတင်းစာဆရာအသင်းအမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ပွဲသို့ မုံရွာ အခြေပြု သတင်းထောက်များ တက် ရောက် ခြင်း မရှိကြခြင်းအပေါ်လက်ရှိပြန်လည်ရွေးချယ်တင် မြှောက်ထား သော အလုပ်အမှု ဆောင် အဖွဲ့ အနေဖြင့်နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီးအ တွင်း ယခင်က အားနည်းခဲ့သော စည်းရုံးရေးအား ကိုတိုး၍ ဆောင်ရွက်လျှင် အသင်း ဝင်အင်အားနှင့်အတူ အမှန်တကယ် သတင်းရေးသားနေသူများပါနေရာရလာ နိုင်မည်ဖြစ်ကြောင်းမုံရွာမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဖေသန်းက ရွေး ချယ်တင်မြှောက်ပွဲအပြီးတွင်တိုက်တွန်းခဲ့ကြောင်းသိရသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here