ဗေဒါရွှေကြာ မိသားစုရဲ့ တတိယအကြိမ် ရှင် ၁၅ဝ ရှင်ပြုအလှူပွဲ

0
307

KNL

မန္တလေးမြို့၊ ဗေဒါရွှေကြာ ငယ်ထွေးနှပ် လက်ဖက်နှင့်နှစ်ပြန်ကြော်ရောင်းဝယ်ရေး မိသားစုရဲ့ တတိယအကြိမ်ရှင်အပါး ၁၅ဝ ပါးရှင်ပြုပွဲ၊ ဝါဆိုသင်္ကန်းကပ်၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာကို မန္တလေးမြို့၊ အောင် မြေသာစံမြို့နယ်၊ ဆင်မြရှင်မဟာစည် သာသ နာ့ရိပ်သာ၊ ဗေဒါရွှေကြာ ငါးထပ်ရွှေကျောင်း တော်ကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့က အလှူတော် အကြိုဓမ္မသဘင်အဖြစ် ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်း၊ ၁၅ ရက်နေ့က မန္တလေးမြို့အတွင်း အလှူလှည့်လည် ပိုက်ဆံ၊ အဝတ်အထည်များ ကြဲခြင်း၊ ညပိုင်း မှာထပ်ဆင့်အကယ်ဒမီ ဂီတစာဆို စိန်မွတ္တား မင်္ဂလာဆိုင်းဖြင့် ဧည့်ခံခြင်း၊ ၁၆ ရက်နေ့ကမိတ် သင်္ဂဟများအား ကျွေးမွေးဧည့်ခံပြီးဝီရိယမင်းသားလေးဝင်းနောင်က ဘိသိတ် သွန်းလောင်း ခြင်း၊ မွန်းလွဲပိုင်းမှာ ရှင် ၁၅ဝပါး ရှင်ပြုခြင်း၊ သီလရှင် ၁၅ ပါး ဝတ်ခြင်း နဲ့ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ သာဓု နုမော်ခေါ် ဆိုခြင်း၊ ညပိုင်းမှာ မန္တလေးမြို့၊ တေးဂီတဖြင့် ဧည့်ခံဖျော်ဖြေခြင်းတို့နဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့တာပါ။ အလှူတော်သို့ ရုပ်ရှင်နှင့် ဗီဒီယို၊ သဘင်၊ စာပေအနုပညာ လောကသား များ ကြွရာက်ချီးမြှင့်ခဲ့ကြပါ တယ်။

အလှူတော်များအကြိမ်ကြိမ် ကျင်းပ ဖြစ်တာနဲ့ ပတ်သက်လို့ ဗေဒါ ရွှေကြာမိသားစုက “ဘယ်ကလေးတွေကို အလှူပေးမယ်လို့တော့ မသတ်မှတ်ဘူး။ ကိုယ်နဲ့အကြောင်း တိုက်ဆိုင် တဲ့ ကလေးတွေကိုပဲ လှူမယ်ပေါ့နော်။ ကိုရင် ဝတ်ဖို့ စိတ်ကူးမရှိဘဲ ကျွန်တော်တို့အလှူမှာ ဝတ်ရာက သာသနာ့ဘောင်မှာ ပျော်သွားကြ တော့ပီတိဖြစ်တာပေါ့။ တောင်သာမြို့နယ်၊ ဒါးဗက် ကျေးရွာမှာ ပထမအကြိမ် လှူတုန်းက ကိုရင် ၃ ပါး၊ ဒုတိယအကြိမ် ညောင်ဦးမြို့၊ သိမ် မစည်းကျောင်းမှာလှူတုန်းက ၁ပါး။ အခု အချိန်ထိ စာဝါလိုက်နေတုန်းရှိသေးတယ်။ သူတို့လေးတွေ သာသနာ့ဘောင်မှာ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဝတ်ကြတော့ စိတ်ချမ်းသာ ရပါတယ်။ သာသနာတည်တံ့ပြန့်ပွားဖို့ စွမ်းနိုင်သလောက်လေး လုပ်တာပါ”လို့ ပြော ပြပါတယ်။

KNL


LEAVE A REPLY

Please enter your comment!
Please enter your name here